တာချီလိတ်နှင့်မိုင်းဖြတ်တို့မှ အတည်ပြုလူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၄)ရက်နေ့တွင် ထပ်မံပေးပို့ စစ်ဆေးထား

တာချီလိတ်နှင့်မိုင်းဖြတ်တို့မှ အတည်ပြုလူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၄)ရက်နေ့တွင် ထပ်မံပေးပို့ စစ်ဆေးထား
မေ 4, 2020
By Tachileik News Agency
တာချီလိတ်နှင့်မိုင်းဖြတ်တို့မှ အတည်ပြုလူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၄)ရက်နေ့တွင် ထပ်မံပေးပို့ စစ်ဆေးထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၃)ဦး၏ ဓါတ်ခွဲနမူနာများနှင့် စောင့်ကြည့်လူနာ (၁)ဦး၏ ဓါတ်ခွဲနမူနာကို ၂၀၂၀ ခုနှစ်၊ မေလ (၄)ရက်နေ့၌ ရန်ကုန်သို့ ပို့စစ်ထားပြီဖြစ်ကြောင်း သိရသည်။

လူနာ (၃)ယောက်ရဲ့ ဓါတ်ခွဲနမူနာကို ဒီနေ့ပို့လိုက်ပါတယ်။ လူနာ (၃)ယောက်ထဲမှာ (၂)ယောက်ကတော့ Negative တစ်ကြိမ်စီ ထွက်ထားတယ်။ နောက် ကျိုင်းတုံဆေးရုံက စောင့်ကြည့်လူနာ (၁)ယောက်ရဲ့ ဓါတ်ခွဲနမူနာပါတယ်။ ရှမ်းအရှေ့ကတော့ ဓါတ်ခွဲနမူနာပို့တာ ဒီ (၄)ယောက်ပါပဲ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် မိုင်းဖြတ်မြို့မှ COVID 19 အတည်ပြုလူနာ (Case 64)၊ တာချီလိတ်မှ အတည်ပြုလူနာ (Case 96) နှင့် အတည်ပြုလူနာ (Case 112) တို့ကို ကုသပေးနေခြင်းဖြစ်ပြီး ပြန်လည် ဓါတ်ခွဲစစ်ဆေးနေရာ မေလ (၄)ရက်နေ့အထိ အတည်ပြုလူနာ (Case 64) နှင့် အတည်ပြုလူနာ (Case 96) တို့တွင် ပိုးမတွေ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်တွင် COVID 19 အတည်ပြုလူနာ (၇) ဦးအနက် ဧပြီလ (၂၇)ရက်နေ့က တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံမှ အတည်ပြုလူနာ (Case 29) ဆေးရုံဆင်းခွင့်ရခဲ့ပြီး ဒုတိယမြောက်အဖြစ် မေလ (၂)ရက်နေ့၌ လားရှိုးဆေးရုံမှ အတည်ပြုလူနာ (Case 14) ဆေးရုံဆင်းခွင့်ရခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ ကုသမှုခံယူနေဆဲ အတည်ပြုလူနာများမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် (၁)ဦး၊ ကျိုင်းတုံဆေးရုံတွင် (၃)ဦးနှင့် မူဆယ်ဆေးရုံတွင် (၁)ဦးရှိနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ခုလုံးတွင် ၂၀၂၀ခုနှစ် မေလ(၄)ရက်နေ့အထိ covid-19 ကူးစက်ခံရသူ စုစုပေါင်း (၁၆၁)ဦးရှိနေပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~