Mytel ဝန်ထမ်းတွင် COVID-19 တွေ့ရသဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို KNU နှင့် ဒေသခံများ  ပူးပေါင်းလုပ်ဆောင်နေ

Mytel ဝန်ထမ်းတွင် COVID-19 တွေ့ရသဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများကို KNU နှင့် ဒေသခံများ  ပူးပေါင်းလုပ်ဆောင်နေ
ဇူလိုင် 3, 2021 | Covid-19

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ဝင်းရေးမြို့နယ်၊ ဝင်းရော်ဒေသတွင် Mytel ဝန်ထမ်းတစ်ဦး၌ COVID-19 ပိုးတွေ့ထားသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် KNU နှင့်အတူ ပြည်သူများက ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။

အဆိုပါ ဆက်သွယ်ရေးဝန်ထမ်းမှာ ဇွန်လ (၂၉) ရက်နေ့က COVID 19 စစ်ဆေးတွေ့ရပြီးနောက် ဒေသတွင်း အတည်ပြုလူနာများ ထပ်တွေ့လာရပြီး ဇူလိုင်လ (၃) ရက်နေ့အထိ အတည်ပြုလူနာ (၄) ဦးတွေ့ထားပြီဖြစ်ကြောင်း သိရသည်။ 

ခရိုင်အတွင်း ကျေးရွာများတွင် COVID 19 အသိပညာပေးလုပ်ငန်းများလုပ်ဆောင်ခြင်းအပြင် ဇူလိုင်လ (၃) ရက်န့မှစ၍ COVID-19 စစ်ဆေးရေးဂိတ်ကိုလည်း ဖွင့်လှစ်လုပ်ဆောင်နေရာ KNU နှင့်အတူ ဒေသခံများက ပူးပေါင်းဆောင်ရွက်နေကြသည်ဟု သိရသည်။



Photo: ဒူးပလာယာခရိုင်