တာချီလိတ်မြို့တွင် ချောင်းဆိုး၊ လည်ပင်းနာပြီး ဖျားနာသူများနှင့် COVID 19 သံသယရှိသူများ အခမဲ့ပြသနိုင်မည့် Fever Clinic ကို ပြည်သူ့ဆေးရုံဟောင်းတွင် ဖွင့်လှစ်ပေးထား

တာချီလိတ်မြို့တွင် ချောင်းဆိုး၊ လည်ပင်းနာပြီး ဖျားနာသူများနှင့် COVID 19 သံသယရှိသူများ အခမဲ့ပြသနိုင်မည့် Fever Clinic ကို ပြည်သူ့ဆေးရုံဟောင်းတွင် ဖွင့်လှစ်ပေးထား
မေ 1, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင်  ချောင်းဆိုး၊ လည်ပင်းနာပြီး ဖျားနာသူများနှင့် COVID 19 သံသယရှိသူများ အခမဲ့ပြသနိုင်မည့်  Fever Clinic ကို ပြည်သူ့ဆေးရုံဟောင်းတွင် ဖွင့်လှစ်ပေးထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်  ချောင်းဆိုး၊ လည်ပင်းနာပြီး ဖျားနာသူများနှင့် COVID 19 သံသယရှိသူများ အခမဲ့ပြသနိုင်မည့် Fever Clinic ကို ပြည်သူ့ဆေးရုံဟောင်းဝန်းအတွင်း ၂၀၂၀ ခုနှစ်၊ မေလ (၁)ရက်နေ့မှစ၍ နေ့စဉ် ဖွင့်လှစ်ထားပြီဖြစ်သည်။

ကျွန်တော်တို့ ပြည်သူလူထုတွေက ကိုယ့်ကိုကိုယ် နေမကောင်းဘူး။ ကိုယ်ပူနေတယ်၊ ချောင်းဆိုးနေတယ် စသဖြင့် သံသယရှိတယ်ဆိုရင် ဒီနေရာမှာလာပြီး ကိုယ်အပူချိန်တိုင်းပြီး စစ်ဆေးလို့ရပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း ဒီမှာ ရှိနေပါတယ်။ အကယ်၍ လိုအပ်လို့ရှိရင်လည်း ဒီမှာ ကုသမှုပေးနိုင်အောင် Isolation Ward တွေကို စီစဉ်ဆောင်ရွက်ထားတာဖြစ်ပါတယ်။ အများပြည်သူသွားလာလို့လွယ်တဲ့ ဒီနေရာမှာ Fever Corner ကို ဖွင့်လှစ်ပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်း အမြဲတမ်းရှိနေမှာဖြစ်လို့ လာရောက် စမ်းသပ်စစ်ဆေးနိုင်ပါတယ်

ဟု တာချီလိတ်ခရိုင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ပြည်သူ့ဆေးရုံအဟောင်းတွင် ဖွင့်လှစ်ထားသည့် Fever Clinic ၌ လတ်တလောတွင် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် (၉)နာရီမှ (၁၂)နာရီအတွင်း လာရောက်ပြသနိုင်ပြီး အခြားအချိန်များတွင် ပြည်သူ့ဆေးရုံကြီးရှိ Fever Corner တွင် စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းမှာတော့ Fever Clinic ကို အချိန်ထပ်တိုးဖွင့်လှစ်ဖို့ရှိပါတယ်။ လတ်တလောမှာတော့ ဆေးရုံက ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေက Quarantine ဝင်နေရတော့ လက်ရှိမှာ Volunteer အင်အားနဲ့ပါ ထပ်ဖြည့်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဆေးရုံကြီးမှာလည်း Fever Corner ဖွင့်ထားပေးမှာဖြစ်ပါတယ်

ဟု တာချီလိတ်ခရိုင် COVID 19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နေသည့် ပြည်နယ်ကုသရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ အောင်မြင့်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ခုနှစ် ဧပြီလ(၁)ရက်တွင် ပြောသည်။

ပြင်ပလူနာဌာနမှတစ်ဆင့် လူနာများနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်ခံရခြင်းမရှိစေရန်  COVID သံသယရှိသူများကို Fever Corner များနှင့် Fever Clinic များတွင် ခွဲခြားစမ်းသပ်ကုသပေးရန် စီစဉ်ထားခြင်းဖြစ်ပြီး ဆေးရုံဟောင်းတွင် COVID 19 သံသယလူနာများရှိပါက ကုသနိုင်ရန် သီးသန့်ကြပ်မတ်ကုသခန်းများကိုလည်း  ပြင်ဆင်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~