တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ (၂)ဦးထပ်တိုး၍ ဓါတ်ခွဲအဖြေစောင့်သူ (၄)ဦးရှိလာ

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ (၂)ဦးထပ်တိုး၍ ဓါတ်ခွဲအဖြေစောင့်သူ (၄)ဦးရှိလာ
မတ် 31, 2020
By Tachileik News Agency

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်သံသယလူနာ (၂)ဦးထပ်တိုး၍ ဓါတ်ခွဲအဖြေစောင့်သူ (၄)ဦးရှိလာ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့၌  ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ(၂)ဦး ထပ်တိုးလာသဖြင့် ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၄)ဦးရှိနေပြီး ဆေးရုံတွင် စောင့်ကြည့်လူနာ (၁)ဦး ရှိနေခြင်းဖြစ်သည်။

ထပ်တိုးလာတဲ့လူနာက အတည်ပြုလူနာ ပါဆယ်သွားဝယ်ထမင်းဆိုင်က အမျိုးသမီးက နှာစေးချောင်းဆိုးဖြစ်နေတာရယ်။ နောက်တစ်ယောက်က မလေးရှားနိုင်ငံသားတစ်ဦး သူကတော့ ဖျားတာ၊ နှာစေး၊ ချောင်းဆိုးတော့ မဖြစ်ဘူး။ ဝမ်းလျှောလို့ ဆေးရုံသွားပြတာ။ ဒါပေမဲ့ သံသယလူနာအဖြစ် သတ်မှတ်ရမယ့် စံနှုန်းတွေနဲ့ (creatia) ကိုက်ညီနေလို့ ဓါတ်ခွဲစစ်ဆေးဖို့ ဆုံးဖြတ်လိုက်တာ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ပြည်သူ့ဆေးရုံ၌ စောင့်ကြည့်လူနာအဖြစ် ထားရှိသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းမှ အမျိုးသမီးနှင့် ထိုင်းနိုင်ငံမှ မတ်လ (၂၃)ရက်နေ့တွင် လွှဲပြောင်းပေးလာသည့် ထိန်းသိမ်းခံ မြန်မာအဖွဲ့မှ အမျိုးသား (၁)ဦးတို့၏ ဓါတ်ခွဲအဖြေများတွင် ပိုးမတွေ့ရကြောင်း မတ်လ (၃၀)ရက်နေ့ညက အဖြေရရှိထားသဖြင့် လက်ရှိတွင် ဓါတ်ခွဲအဖြေစောင့်လူနာများအဖြစ် ဝှေလေလန်ကျေးရွာမှ အသက် (၇၂)နှစ်အရွယ် အမျိုးသား (၁)ဦး၊ လာအိုနိုင်ငံမှ နေရပ်ပြန်အမျိုးသား (၁)ဦး၊ ကျောက်မဲဆေးရုံတွင် ကုသမှုခံယူနေသည့် အတည်ပြုလူနာ ထမင်းဝယ်သွားသည့်ဆိုင်မှ အမျိုးသမီး (၁)ဦးနှင့် မလေးရှားနိုင်ငံသား (၁)ဦးတို့ဖြစ်ကြသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~