အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ၏ အာစရိယပူဇော်ပွဲအတွက် လတ်တလော ရရှိထားပြီး တာချီလိတ်တွင်သာ နေထိုင်လျက်ရှိသည့် အသက်(၆၀)အထက် အငြိမ်းစား ဆရာ ဆရာမစာရင်းတွင် (၃၅)ဦးရှိ

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ၏ အာစရိယပူဇော်ပွဲအတွက် လတ်တလော ရရှိထားပြီး တာချီလိတ်တွင်သာ နေထိုင်လျက်ရှိသည့် အသက်(၆၀)အထက် အငြိမ်းစား ဆရာ ဆရာမစာရင်းတွင် (၃၅)ဦးရှိ
ဒီဇင်ဘာ 25, 2019
By Tachileik News Agency
အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ၏ အာစရိယပူဇော်ပွဲအတွက် 
လတ်တလော ရရှိထားပြီး တာချီလိတ်တွင်သာ နေထိုင်လျက်ရှိသည့် အသက်(၆၀)အထက် အငြိမ်းစား ဆရာ ဆရာမစာရင်းတွင် (၃၅)ဦးရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် တာဝန်ထမ်းဆောင်ပြီး ၁၉၅၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ အငြိမ်းစားယူသွားကြကာ လက်ရှိတွင် တာချီလိတ်၌ နေထိုင်ကြသည့် ဆရာ၊ဆရာမများကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့တွင် ရှမ်းရိုးမကွင်းအတွင်း ပူဇော်ကန်တော့ကြမည်ဖြစ်၍ ကန်တော့ခံဆရာ၊ဆရာမစာရင်းတွင် ကျန်ရှိနေပါက ဒီဇင်ဘာလ (၂၈)ရက်နေ့အထိ နောက်ဆုံးထားကာ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

“ ကျောင်းသားဟောင်းတွေ အားလုံး ပါဝင်နိုင်အောင်လို့ ကန်တော့ပွဲမှာ အထက(တာချီလိတ်)ကနေ အငြိမ်းစား ယူသွားတဲ့ အသက်(၆၀)အထက် ဆရာ ဆရာမတွေ စာရင်းကောက်ခံနေပါတယ်။ အဝေးရောက် အငြိမ်းစား ဆရာ ဆရာမတွေတော့ မပါတော့ဘူး၊ တာချီလိတ်မှာ ရှိတဲ့ ဆရာ ဆရာမတွေပဲ ပါမှာ။ အခုလောလောဆယ်မှာ ရရှိထားတဲ့ စာရင်းအရဆိုရင် (၃၅)ဦး ရှိပါတယ်။ တာချီလိတ်မှာ နေထိုင်ပြီး လက်ရှိ စာရင်းထဲမှာ မပါသေးသူများအနေနဲ့ ကျွန်တော်တို့ ဖုန်းနံပါတွေကို ဆက်သွယ်အကြောင်း ကြား စာရင်းပေးနိုင်ပါတယ်ဟု အ.ထ.က(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာစရိယပူဇော်ပွဲကို ရှမ်းရိုးမကွင်းအတွင်း ဇန်နဝါရီလ (၁)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်၌ ကျင်းပသွားမည် ဖြစ်သည်။

"ကန်တော့ခံရောက်လာတဲ့ ဆရာ ဆရာမတွေထဲမှာ မိမိတို့နဲ့ သိတဲ့ ဆရာ ဆရာမတွေ ပါရင် ကိုယ့်အစီအစဉ်နဲ့ကိုယ်လည်း ပွဲမှာ ကန်တော့လို့ ရတယ်၊ အဲ့လို ကန်တော့နိုင်အောင်လိုလည်း အခုလို လတ်တလော ရရှိထားတဲ့ အမည်စာရင်း ဖော်ပြပေးတာပါ။"ဟု အ.ထ.က(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက  ပြောသည်။

အာစရိယပူဇော်ပွဲ နှင့် ပတ်သက်၍ အလှူငွေကောက်ခံခြင်း မပြုလုပ်ဘဲ စီစဉ်နေခြင်း ဖြစ်ပြီး ကန်တော့ပွဲသို့ တက်ရောက်မည့် ကျောင်းသူ ကျောင်းသားဟောင်းများအတွက်လည်း စားဝိုင်းဖြင့် စီစဉ်ပေးမည်ဖြစ်သည့်အတွက် တက်ရောက်မည့် ကျောင်းသားဟောင်းများအနေဖြင့်လည်း ဖုန်းနံပါတ်များသို့ ဆက်သွယ် စာရင်းပေးရန် လိုအပ်ကြောင်း သိရသည်။

အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲ နှင့် အာစရိယပူဇော်ပွဲ နှင့် ပတ်သက်၍ အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

၀. အ.ထ.က(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်း - ဖုန်း ၀၉၅၂၄၁၂၄
၁. Jonny Fitness Center၊ ရှမ်းရိုးမကွင်းအနောက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့။ ( ဖုန်း - 095240445 )
၂. Jonny လျပ်စစ်ပစ္စည်းအရောင်းဆိုင်၊ အကောက်ခွန်ရုံးထောင့်အရှေ့၊ ဝမ်ကောင်းဈေးအထွက်၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
၃. ကြယ်တံခွန်ကုန်စုံဆိုင်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့။
အထွန်းကုန်စုံဆိုင် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေး၊ ပါလျှံလမ်းဆုံ မီးပွိုင့်အနီး၊ ရန်အောင်မြေရပ်ကွက်၊ တာချီလိတ်မြို့။
၄. ကိုမျိုးမင်းလှိုင် - ဖုန်း 09428233595
၅. ကိုထွန်းပေါ်သိန်း - 09456513924

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~