မိုင်းဖြတ်နှင့် မိုင်းယန်းမှ ကလေးငယ်များကို နိုဝင်ဘာလ (၂၆)မှ (၂၈)အထိ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးထိုးမည်

မိုင်းဖြတ်နှင့် မိုင်းယန်းမှ ကလေးငယ်များကို နိုဝင်ဘာလ (၂၆)မှ (၂၈)အထိ ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးထိုးမည်
နိုဝင်ဘာ 23, 2019
By Tachileik News Agency
မိုင်းဖြတ်နှင့် မိုင်းယန်းမှ ကလေးငယ်များကို နိုဝင်ဘာလ (၂၆)မှ (၂၈)အထိ 
ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးထိုးမည်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယန်းမြို့နယ်ရှိ အသက်(၉)လမှ (၅)နှစ်ခွဲအရွယ်ကလေးများကို ကာကွယ်ဆေးထိုးနှံပေးခြင်းအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်သည်။

“ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသမှာ ကျန်တဲ့မြို့နယ်တွေက ပြီးသွားပြီ။ တာချီလိတ်ခရိုင်မှာဆို မိုင်းဖြတ်နဲ့ ကျိုင်းတုံခရိုင်မှာ မိုင်းယန်း ကျန်နေသေးတာ။ ဆေးထိုးမှာတွေကိုတော့ သက်ဆိုင်ရာမြို့နယ်အလိုက် စီမံဆောင်ရွက်ကြတာ ဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၂၉)ရက်နေ့အထိ ဒုတိယအကြိမ် အပိုဆောင်း ပိုလီယိုရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်းအား ဆောင်ရွက်ရာစဉ်က ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးများကိုပါ ပူးတွဲထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net