တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၁)ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသူ (၁)ဦး သေဆုံး
ဇူလိုင် 18, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ကူးစက်ခံရသူ (၅၆၀)ကျော်အနက် ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့တွင် တစ်ဦးသေဆုံးကြောင်း သိရသည်။

သေဆုံးသူမှာ ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူ အသက်(၆၅)နှစ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်းသည် ဆီးချိုရောဂါအခံရှိသူတစ်ဦးဖြစ်ပြီး Isolation ward တွင် ထားရှိသူဖြစ်ကြောင်း ကနဦး သိရသည်။



တာချီလိတ်မြို့ရှိ ဆေးရုံဟောင်းအတွင်း  Fever Clinic တွင် ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်(၂)နာရီအထိ စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ (၂၉)ဦး ထပ်တိုးတွေ့ရှိသည်။

 

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့ကစတင်လာရာ ယနေ့ ဇူလိုင်လ(၁၈)ရက်နေ့ နေ့လည်(၂)နာရီအထိ  Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၅၆၅)ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း သိရသည်။