တာချီလိတ်မြို့တွင် မယ်ခေါင်ရပ်ကွက်မှ စ၍ မြို့ပြင် ကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်

တာချီလိတ်မြို့တွင် မယ်ခေါင်ရပ်ကွက်မှ စ၍ မြို့ပြင် ကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်
မေ 11, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် လျှပ်စစ်မီးကြိုးနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သည့်အတွက် မေလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် အချိန်(၂)နာရီဝန်းကျင် လျှပ်စစ်မီးခေတ္တဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးက ကြိုတင်အသိပေးထားရှိသည်။

တာချီလိတ်မြို့ပြင်ပိုင်းသို့ ဖြန့်ဖြူးပေးနေသည့် Feeder-2 လျှပ်စစ်မီးကြိုးလိုင်းဖြစ်သည့် မြန်မာ့တိုးနယားကွင်းတွင် 22KV ပါဝါကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများကို ၂၀၂၁ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်(၉)နာရီမှ နံနက်(၁၁)နာရီအထိ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်ကြောင်း သိရသည်။

ခုတ်ထွင်ရှင်းလင်းနေစဉ် အချိန်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်၍ အချိန်(၂)နာရီဝန်းကျင်အကြာ လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းအမြန်ဆုံး ပြီးမြောက်ပါက စောလျင်စွာ ပြန်လွတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်မီးပြတ်တောက်မည့် ရပ်ကွက် နှင့် ကျေးရွာများမှာ

မယ်ခေါင်ရပ်ကွက်မှ စ၍ ရန်အောင်မြေ(ပါလျှံ)၊ ဝိန်းကျောက်၊ ပါဆတ်၊ ဆေခမ်းရပ်ကွက်များအပြင် စက်မှုဇုန်၊ မိုင်းဖုန်း(က)(ခ)ကျေးရွာအုပ်စု ဝမ်ပုံအထိလည်းကောင်း၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာ(မယ်ယန်း)အုပ်စု နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ

ပါဝင်ကြောင်း သိရသည်။