တာချီလိတ်မြို့ရှိ Ethnic Youth Tachileik တွင် (၄) လကြာ အသက်မွေးဝမ်းကြောင်းသင်တန်း အခမဲ့ ဖွင့်လှစ်မည်

တာချီလိတ်မြို့ရှိ Ethnic Youth Tachileik တွင် (၄) လကြာ အသက်မွေးဝမ်းကြောင်းသင်တန်း အခမဲ့ ဖွင့်လှစ်မည်
နိုဝင်ဘာ 26, 2019
By Tachileik News Agency

တာချီလိတ်မြို့ရှိ Ethnic Youth Tachileik တွင် (၄) လကြာ အသက်မွေးဝမ်းကြောင်းသင်တန်း အခမဲ့ ဖွင့်လှစ်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အခြေစိုက် Ethnic Youth Tachileik က ဖွင့်လှစ်မည့် (၄) လကြာ အသက်မွေးဝမ်းကျောင်း အခမဲ့သင်တန်းအတွက် အသက် (၁၇) နှစ်မှ (၂၂) နှစ်အရွယ် လူငယ် (၂၀) ဦးကို ခေါ်ယူမည်ဖြစ်၍ နေရာဒေသမရွေးမှလူငယ်များ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်မည် ဖြစ်သည်။

“အချိန်ပြည့်သင်တန်းပါ။ ဒီသင်တန်းပြီးရင် အလုပ်အကိုင်ရှာဖွေသူတွေကိုလည်း ကူညီပေးသွားမှာဖြစ်ပါတယ်။ တခြားဒေသကနေ လာတက်ချင်တယ်ဆိုရင်လည်း အဆောင်ရှိပါတယ်။ သင်တန်းကြေးက အခမဲ့ဖြစ်ပါတယ်။ အဆောင်နေထိုင်စားသောက်စရိတ်ကတော့ စရိတ်မျှပြီးကုန်ကျခံရမှာပါ”ဟု Ethnic Youth Tachileik မှ ကိုယုဒက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်း၊ အလှအပ နှင့် ဆံပင်ညှပ်ခြင်း၊ ယာဉ်ပြုပြင်ရေးသင်တန်းနှင့် ဈေးဆိုင်လုပ်ငန်းစသည့် ပညာရပ်များကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သင်တန်းသား (၂၀) ဦးကို အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာဖုန်း 09 450480077 နှင့် ထိုင်းဖုန်း 0808432855 သို့လည်းကောင်း၊ Ethnic Youth Tachileik တိုင်းရင်းသားလူငယ် အမှတ်(၇/၈၄)၊ ဂေါ်သဇင်လမ်း၊ မကာဟိုခမ်းရပ်ကွက်တွင်လည်းကောင်း ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net