တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသည့် အသက်(၈)ရက်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၄၄)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံထားရသည့် အသက်(၈)ရက်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၄၄)ဦး ထပ်တိုး
ဇူလိုင် 31, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့၏ တစ်နေ့တာ စစ်ဆေးမှုအတွင်း အသက်(၈)ရက်သားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် Covdi-19 ကူးစက်ခံရသူ (၄၄)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

ထပ်တိုးတွေ့ရှိရသည့် (၄၄)ဦးတွင် အမျိုးသား (၂၈)ဦး နှင့် အမျိုးသမီး (၁၆)ဦးပါဝင်ပြီး အသက်(၈)ရက်သားအရွယ် ယောကျာ်းလေးတစ်ဦး ပါဝင်သလို အသက်အကြီးဆုံးအနေဖြင့် အသက်(၆၅)နှစ်မှ အသက်(၇၅)အထိ (၅)ဦး ပါဝင်ကြောင်း ကျန်းမာရေးဌာနထံက သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့တွင် Covid-19 ကူးစက်ခံရသူ (၄၄)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၁)ဦး ထပ်တိုးလာပြီး ယနေ့ ပိုးတွေ့ (၄၄)ဦးထဲက အမျိုးသမီးတစ်ဦးမှာ Covid-19 စစ်ဆေးသည့်နေရာကနေ ထွက်ပြေးသွားကြောင်းလည်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ(၃၁)ရက်နေ့အထိ (၃၄)ရက်အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၂၉၅)ဦး အထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသွားသူမှာ (၆၀၀)ကျော်ရှိနေကာ သေဆုံးသူမှာလည်း ဇူလိုင်လ(၁၉)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ  (၁၃)ရက်အတွင်း (၈)ဦးအထိ ရှိနေသည်။