တာချီလိတ်တွင် အတည်ပြုလူနာ ကလေးအပါအဝင် (၃) ဦးဆေးရုံဆင်းပြီး (၄)ဦး ထပ်တိုး

တာချီလိတ်တွင် အတည်ပြုလူနာ ကလေးအပါအဝင် (၃) ဦးဆေးရုံဆင်းပြီး (၄)ဦး ထပ်တိုး
ဒီဇင်ဘာ 21, 2020
By Tachileik News Agency

တာချီလိတ်တွင် အတည်ပြုလူနာ ကလေးအပါအဝင် (၃) ဦးဆေးရုံဆင်းပြီး (၄)ဦး ထပ်တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ COVID 19 ကုသဆောင်များတွင် နောက်ဆုံးကျန်သည့် ကလေးလူနာ (၁)ဦးအပါအဝင် အတည်ပြုလူနာ (၃)ဦး ၂၀၂၀  ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရပြီး အတည်ပြုလူနာ (၄)ဦး ထပ်တိုးသည်။

“ဆေးရုံမှာ (၉)ယောက်ကျန်တာမှာ (၃)ယောက် ဆေးရုံဆင်းသွားတယ်။ အသစ် (၄)ယောက် ထပ်တိုးတယ်။”

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
ယနေ့ ဆေးရုံဆင်းခွင့်ရသည့် ကလေးလူနာ (၁)ဦးနှင့် အမျိုးသမီးလူနာ (၂)ဦးတို့မှာ နေအိမ်တွင် အသွားအလာကန့်သတ်၍ (၇) ရက်နေထိုင်ကြရမည်ဖြစ်ပြီး ယနေ့ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ အမျိုးသမီး (၃)ဦးနှင့် ထိုင်းနိုင်ငံသား (၁)ဦးတို့ကိုလည်း ကုသဆောင်၌ ပို့ထားပြီဖြစ်သည်။
တာချီလိတ်မြို့ရှိ COVID 19 ကုသဆောင်များတွင် အတည်ပြုလူနာ (၁၀)ဦးကျန်ရှိပြီး ကလေးအားလုံး ဆေးရုံဆင်းသွားနိုင်ပြီဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုအဖြစ် တွေ့ခဲ့ရပြီးနောက် ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၈)ဦးတွေ့ထားသည့်အနက် (၁၀၆) ဦးမှာ နိုဝင်ဘာလ (၂၂)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့ကြားကာလတွင် စစ်ဆေးတွေ့ရှိထားသူများဖြစ်သည်။
COVID 19 အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိပါက ကုသဆောင်များတွင် (၁၁) ရက်တိတိ စောင့်ကြည့်ထားရှိပြီးနောက် ကုသရန်မလိုအပ်ပါက ဆေးရုံဆင်းခွင့်ပေးပြီး နေအိမ်တွင် ဆက်လက်၍ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~