ကျောက်မဲမြို့ပေါ် အမှတ်(၆)ရပ်ကွက်ရှိ အမှိုက်ပုံတွေ ဗုံးထောင်သည်ဟု သတင်းထွက်နေရာ စစ်တပ်နှင့်ရဲ လာရောက် လမ်းပိတ်

ကျောက်မဲမြို့ပေါ် အမှတ်(၆)ရပ်ကွက်ရှိ အမှိုက်ပုံတွေ ဗုံးထောင်သည်ဟု သတင်းထွက်နေရာ စစ်တပ်နှင့်ရဲ လာရောက် လမ်းပိတ်

ကျောက်မဲမြို့ပေါ် အမှတ်(၆)ရပ်ကွက်ရှိ အမှုံ

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့ပေါ်၊ အမှတ် (၆)ရပ်ကွက်၊ ချယ်ရီလမ်းတွင် ယနေ့ မေလ (၃)ရက် ညနေပိုင်းက ဗုံးတွေ့ရှိသည်ဟု ထွက်ပေါ်လာသော သတင်းကြောင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့က လမ်းများရှင်းလင်းနေပြီး မသင်္ကာဖွယ်အရာအား ဖေါက်ခွဲပစ်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

"ချယ်ရီလမ်းက အမှိုက်ပုံမှာ ဗုံးတွေ့တယ်ဆိုပြီး တပ်နဲ့ရဲတွေ ရောက်နေတယ်၊ လမ်းပေါ်က ကားတွေ ဆိုင်ကယ်တွေ နေရာရွှေ့ခိုင်းနေတယ်၊ အဲ့ဒီ ဗုံးဆိုတဲ့ဟာကိုလဲ ဖေါက်ခွဲ ဖျက်ဆီးပစ်မယ်လို့ ပြောတာကြားတယ်။ လမ်းကိုတော့ ထိပ် (၂)ဖက်လုံး ပိတ်ထားတယ် အသွားအလာ ပေးမသွားဘူး"ဟု ဖြစ်စဥ်ဖြစ်ပွားရာ နေရာသို့ ရောက်ရှိနေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှိုက်ပုံတွင် ဗုံးထောင်ထားသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဗုံး ဆိုသည့်အရာကို သေချာ မတွေ့ရှိရသေးပဲ စစ်တပ်နှင့် ရဲတပ်ဖွဲ့ က ရောက်ရှိနေပြီး ဖြတ်သွားဖြတ်လာများ ပိတ်ထားကာ စစ်ဆေးလျှက်ရှိသည်ဟု သိရသည်။



Update News

ကျောက်မဲမြို့တွင် မပေါက်ကွဲသေးသည့် ဗုံးကို တပ်သို့ပြန်မယူသွားဘဲ တွေ့ရှိသည့် နေရာမှာပင် စစ်တပ်က (၂)ကြိမ် ဖောက်ခွဲဖျက်ဆီး