ကျောက်မဲမြို့တွင် မပေါက်ကွဲသေးသည့် ဗုံးကို တပ်သို့ပြန်မယူသွားဘဲ တွေ့ရှိသည့် နေရာမှာပင် စစ်တပ်က (၂)ကြိမ် ဖောက်ခွဲဖျက်ဆီး

ကျောက်မဲမြို့တွင် မပေါက်ကွဲသေးသည့် ဗုံးကို တပ်သို့ပြန်မယူသွားဘဲ တွေ့ရှိသည့် နေရာမှာပင် စစ်တပ်က (၂)ကြိမ် ဖောက်ခွဲဖျက်ဆီး

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ် အမှတ်(၆)ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် အမှိုက်ပုံတစ်ခုအနီးတွင် ၂၀၂၁ခုနှစ် မေလ (၃)ရက် ညနေပိုင်းကတွေ့ရှိရသော လက်ပစ်ဗုံးတစ်လုံးနှင့် မသင်္ကာဖွယ်အရာတစ်ခုကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က တပ်သို့ သယ်ဆောင်သွားခြင်းမရှိဘဲ တွေ့သည့်နေရာမှာပင် ဖောက်ခွဲမှု (၂)ကြိမ် ပြုလုပ်ပြီး ရှင်းလင်းလိုက်သည်။ 

 

ကျောက်မဲ - မိုးကုတ်သွားလမ်းနှင့် ချယ်ရီလမ်းဆုံရာနေရာရှိ ရွှေရည်ဖူး လက်ဖက်ရည်ဆိုင်နှင့် ၎င်းနေရာအနီး အမှိုက်ပုံတွင် ယနေ့ မေလ(၃)ရက် ညနေ (၄)နာရီခွဲဝန်းကျင်အချိန်က  ဗုံးတစ်လုံးနှင့် ဗုံးဟုယူဆရသည့် နောက်ထပ် အရာတစ်ခုကို တွေ့ရှိသဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့က လမ်းများပိတ်ကာ စစ်ဆေးမှုပြုလုပ်ခဲ့သည်။

ညနေ ၅ နာရီ ၃၀ ခန့်တွင် ဖေါက်ခွဲဖျက်ဆီးမှု တစ်ကြိမ်ပြုလုပ်ခဲ့ပြီး အချိန်ခဏခြားကာ နောက်ထပ်တစ်ကြိမ် ထပ်မံဖေါက်ခွဲ ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်ဟု ဖြစ်စဥ်ဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှုခဲ့သူတို့ထံက သိရသည်။

Photo: တောင်ပေါ်သားလေး , CJ

ဆက်စပ်သတင်း

ကျောက်မဲမြို့ပေါ် အမှတ်(၆)ရပ်ကွက်ရှိ အမှိုက်ပုံတွေ ဗုံးထောင်သည်ဟု သတင်းထွက်နေရာ စစ်တပ်နှင့်ရဲ လာရောက် လမ်းပိတ်