ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ခဲယမ်းမျိုးစုံနှင့် မူးယစ်ဆေးများအား တပ်မတော်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ခဲယမ်းမျိုးစုံနှင့် မူးယစ်ဆေးများအား တပ်မတော်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
မတ် 7, 2020
By Tachileik News Agency

ကွတ်ခိုင်မြို့နယ်အတွင်း လက်နက်ခဲယမ်းမျိုးစုံနှင့် မူးယစ်ဆေးများအား တပ်မတော်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ဦးကျင်ဖူး ပိုင်ဆိုင်သည့် အဆောက်အဦများကို ၂၀၂၀ ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေရာ RPG အပါအဝင် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိထားကြောင်း သိရသည်။

လားရှိုးမြို့၊ နယ်မြေ(၁၂)၊ အမှတ် (၁၂)ရပ် ကွက်တွင် နေထိုင်သည့် ဦးကျင်ဖူး၏ လွယ်ခမ်ကျေးရွာရှိ နေအိမ် (၂)လုံးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် (၈) နာရီခွဲဝန်းကျင်တွင် လွယ်ခမ်ကျေးရွာအတွင်းရှိ ဦးကျင်ဖူး၏ လူမနေသည့် တစ်ထပ်တိုက်တစ်လုံးအတွင်းမှ M -16 သေနတ် (၄) လက်၊ ကာဘိုင်သေနတ် (၂) လက်၊ လေသေနတ် (၁) လက်၊ ဝင်ချက်စတာ သေနတ် (၃) လက်၊ M -22 သေနတ် (၁) လက်၊ အမျိုးအစား(စိစစ်ဆဲ)သေနတ် (၁) လက်၊ Roni G1  တံဆိပ်ပါ ပစ္စတိုထည့်ပစ်ရသည့် ကိုယ်ထည် (၅) ခု၊ ပစ္စတိုသေနတ်မျိုးစုံ (၇) လက်၊ MAC- 11 Submechine Gun သေနတ် (၁) လက်၊ ၇ ဒသမ ၆၂ ကျည် (၂၃) တောင့်၊ ၅ ဒသမ ၅၆ ကျည် (၃၄၅) တောင့်၊ ကာဘိုင်ကျည် (၆) တောင့်၊ ဝင်ချက်စတာ ကျည် (၈၅၀) တောင့်၊ M-22 ကျည် (၁၄၃) တောင့်၊ နှင့် ၉ မမ  ကျည်(အဖြူရောင်၊ အဝါရောင်) (၅၆၃၄) တောင့်တို့က  သိမ်းဆည်းရမိခြင်း ဖြစ်သည်။

ယင်းအပြင် ၄၀ မမ ရောကတ်(ခွင်း)(ပုံစံ-၆၉)ပို့ကျည် (၉) တောင့်၊  RPG ဒုံးသီး (၁) လုံး၊  RPG ဒုံးသီးပို့ကျည် (၁၀) တောင့်၊ ၉ မမကျည်(လူဂါ)ထိပ်ပွင့် (၁၀၁) တောင့်၊ ပွိုင့်-၃၈ လက်မကျည် (၅၀) တောင့်၊ အမ်-၂၅ ပစ္စတိုကျည် (၁၀၉) တောင့်၊ ၇ ဒသမ ၆၂ ပစ္စတိုကျည် (၃၆၀) တောင့်၊ ပွိုင့်-၂၂ လက်မကျည်(အတို) (၂၅) တောင့်၊  357 MAG ၆ လုံးပြူးကျည် (၂၁) တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၅၅) လုံး၊ ၅ ဒသမ ၅၆ ကျည်အိမ် (၃) ခု၊ M-22 ကျည်အိမ် (၃) ခု၊ M-16 ကျည်အိမ် (၅) ခု၊ ပစ္စတိုကျည်အိမ် (၁၇) ခု၊ စက်လက်ဘောက်ဝိုင်း (၈) ခု၊ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ (၉၃၀) ပြား၊ ဘိန်းဖြူမှုန့် (၄၃၀၀၀) ဂရမ်၊ ဘိန်းညိုမှုန့် (၄၈၀၀) ဂရမ်၊ ၁၀ ဂရမ်ခန့်ပါ ဘိန်းဖြူ ဆပ်ပြာခွက် (၂၁) ခွက်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေ့လယ် (၁၂) နာရီခွဲခန့်တွင် လွယ်ခမ်းကျေးရွာအတွင်း ဦးကျင်ဖူးပိုင်ဆိုင်သည့် မြေအောက် ခန်းပါ တစ်ထပ်တိုက်နှင့် ကားဂိုဒေါင်များအတွင်း ထပ်မံရှာဖွေရာ M-22 သေနတ်မျိုးစုံ (၂၀) လက်၊ ပစ္စတိုမျိုးစုံ (၆) လက်၊  RPG  လောင်ချာ (၁) လက်၊ ပွိုင့်-၂၂ ကျည်မျိုးစုံ (၉၀) တောင့်၊ ပွိုင့်-၂၅ ကျည် (၁၂၀) တောင့်၊ ပွိုင့်-၃၈ ကျည် (၅) တောင့်၊ ၅ဒသမ ၅၆ ကျည် ၃၃ တောင့်၊ ၇ဒသမ ၆၂ ကျည် ၁၀၄ တောင့်၊ ၉မမကျည် ၁၁၄ တောင့်၊ လေသေနတ်ခဲလုံး ၁၄၂ တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ ၁၂ ဗို့ကျည် (၁၀၀) တောင့်၊ ၄၀ မမ ရော့ကတ်ခွင်း ဒုံးကျည် (၃) တောင့်၊ M-22 ကျည်အိမ်မျိုးစုံ (၂၆) ခု၊ ပစ္စတိုကျည်အိမ် (၄) ခု၊ ယမ်းကြိုးခွေ (၁) ခွေ၊ Dithiooxamide 92 % (၃၂၀) ကီလိုဂရမ်၊ Washing Soda/ Sodium Carbonate 94%   (၁၅၀) ကီလိုဂရမ်၊ Kitmane/Ice (၃၁၅) ကီလိုဂရမ်၊ ဘိန်းညို (၉၀၀၀၀) ဂရမ်၊  Sodium Acetate trihydrate  (၈၀) ကီလိုဂရမ်၊ Methyl Phenylacetale ထည့်ထားသည့် ကော်ပေပါ ၂၉ လုံး၊ ၅ ဂါလန်ဆံ့ အက်စစ်ပေပါ မျိုးစုံ ၂၃ လုံး၊ ဘိန်းဖြူဘလောက်တုံးဖိစက် (၁) စုံ၊ ဒီဂျစ်တယ်ကတ္တား (၁) ခု၊ ကီလိုချိန်စက် (၃) ခု၊ ယာဉ်မျိုးစုံ (၉) စီး၊ မော်တော်ဆိုင်ကယ် (၁) စီးတို့အား ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွတ်ခိုင်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့မှ မတ်လ (၇)ရက်နေ့အထိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးပမာဏမှာ စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ (၄၃၉၁၈၀၀၀) ပြား၊ ဘိန်းဖြူ (၁၇၀၃၅၀) ဂရမ်၊ ဘိန်းညို (၉၄၈၀၀) ဂရမ်၊ ဘိန်းဖြူခဲ (၁) ဒသမ (၆) ကီလိုဂရမ်၊ ဆေးပြားအကြေမှုန့် (၂၆၅၀) ဂရမ်၊ ICE (၃၂၇) ဒသမ (၅) ကီလိုဂရမ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း (၁၀၈) မျိုးတို့ဖြစ်ကြောင်း သိရသည်။ 

 Tachileik News Agency
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~