ရွမ္းျပည္နယ္ေျမာက္ပိုင္း ဂုတ္တြင္းႏွင့္ေနာင္ပိန္ေက်းရြာအၾကားတြင္ (၂၂)ဘီးယာဥ္ကို ၀င္တိုက္မိသည့္ (၁၂)ဘီးယာဥ္ေမာင္း ထိခိုက္ဒဏ္ရာရ

ရွမ္းျပည္နယ္ေျမာက္ပိုင္း ဂုတ္တြင္းႏွင့္ေနာင္ပိန္ေက်းရြာအၾကားတြင္ (၂၂)ဘီးယာဥ္ကို ၀င္တိုက္မိသည့္ (၁၂)ဘီးယာဥ္ေမာင္း ထိခိုက္ဒဏ္ရာရ
ဧပြီ 21, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီး ဂုတ္တြင္းႏွင့္ ေနာင္ပိန္ေက်းရြာအၾကား ေက်ာင္းကုန္း ေက်းရြာအနီးတြင္ ရပ္ထားေသာ ၂၂ ဘီးယာဥ္တစ္စီးအား ၁၂ ဘီးယာဥ္တစ္စီးမွ ၂၀၁၉ခုႏွစ္ ဧၿပီလ (၂၁)ရက္နံနက္ပိုင္းက ဝင္တိုက္ခဲ့ရာ ဝင္တိုက္သည့္ယာဥ္မွ ယာဥ္ေမာင္းျဖစ္သူ ဒဏ္ရာမ်ားရရွိ(စိုးရိမ္ရ)ခဲ့ၿပီး ေနာင္ပိန္တိုက္နယ္ေဆးရံု မွတစ္ဆင့္ ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ ေဆးကုသခံေနရေၾကာင္း သိရသည္။

"ဇီးပင္စခန္းအနီးက ေက်ာင္းကုန္းေက်းရြာနားမွာ ျပည္ေထာင္စုလမ္းမႀကီးနံေဘး ရပ္ထားတဲ့ ၂၂ ဘီးယာဥ္ကို ေနာင္ခ်ိဳဘက္ကေမာင္းလာတဲ့ ၁၂ ဘီးယာဥ္က ဝင္တိုက္တာပါ၊ ဝင္တိုက္တဲ့ယာဥ္ရဲ႕ ယာဥ္ေမာင္းျဖစ္သူက ယာဥ္ႏွစ္စီးၾကားမွာညွပ္ေနလို႔ ကယ္ထုတ္ေပးခဲ့ပါတယ္၊ ဒဏ္ရာေတြကေတာ့ စိုးရိမ္ရတဲ့အေနအထားရွိတယ္" ဟု ယာဥ္မေတာ္တဆမႈျဖစ္ပြားရာသုိ႔ သြားေရာက္ကယ္ဆယ္ ပို႔ေဆာင္ေပးခဲ့သည့္ ကမ္းလင့္လက္မ်ား လူမႈ ကူညီေရးအသင္း (ေနာင္ပိန္)မွ ဦးစိုင္းေနေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၉ခုႏွစ္ ဧၿပီလ (၂၁)ရက္ နံနက္ (၇)နာရီဝန္းက်င္ခန္႔က ျပည္ေထာင္စုလမ္းမႀကီး( ေက်ာင္းကုန္းေက်းရြာအနီး)၌ ျဖစ္ပြားခဲ့သည့္ ယာဥ္မေတာ္တဆမႈတြင္ ဒဏ္ရာရသည့္ ယာဥ္ေမာင္းမွာ မႏၱေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တြင္ ေနထိုင္သူ အသက္(၃၀)ႏွစ္ရွိ ကိုခင္ေဇာ္ျဖစ္ၿပီး ယာဘက္ ေပါင္ႏွင့္ ေျခသလံုးက်ိဳးကာ ယာဘက္တံေတာင္ဆစ္ထိခိုက္ ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သိရသည္။

မေတာ္တဆမႈမွ ဒဏ္ရာရသူအား ေနာင္ပိန္တိုက္နယ္ေဆးရံုသို႔ တင္ပို႔ကုသထားရာမွ ေန႔လည္ပိုင္းတြင္ ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ေျပာင္းေရႊ႕တင္ေဆာင္ထားလိုက္ျခင္းျဖစ္ေၾကာင္း ကမ္းလင့္လက္မ်ား လူမႈ ကူညီေရး အသင္း ( ေနာင္ပိန္ ) မွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု -  ကမ္းလင့္လက္မ်ားလူမႈကူညီေရးအသင္း ( ေနာင္ပိန္ )


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီး ဂုတ်တွင်းနှင့် နောင်ပိန်ကျေးရွာအကြား ကျောင်းကုန်း ကျေးရွာအနီးတွင် ရပ်ထားသော ၂၂ ဘီးယာဉ်တစ်စီးအား ၁၂ ဘီးယာဉ်တစ်စီးမှ ၂၀၁၉ခုနှစ် ဧပြီလ (၂၁)ရက်နံနက်ပိုင်းက ဝင်တိုက်ခဲ့ရာ ဝင်တိုက်သည့်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ ဒဏ်ရာများရရှိ(စိုးရိမ်ရ)ခဲ့ပြီး နောင်ပိန်တိုက်နယ်ဆေးရုံ မှတစ်ဆင့် ကျောက်မဲပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေရကြောင်း သိရသည်။

"ဇီးပင်စခန်းအနီးက ကျောင်းကုန်းကျေးရွာနားမှာ ပြည်ထောင်စုလမ်းမကြီးနံဘေး ရပ်ထားတဲ့ ၂၂ ဘီးယာဉ်ကို နောင်ချိုဘက်ကမောင်းလာတဲ့ ၁၂ ဘီးယာဉ်က ဝင်တိုက်တာပါ၊ ဝင်တိုက်တဲ့ယာဉ်ရဲ့ ယာဉ်မောင်းဖြစ်သူက ယာဉ်နှစ်စီးကြားမှာညှပ်နေလို့ ကယ်ထုတ်ပေးခဲ့ပါတယ်၊ ဒဏ်ရာတွေကတော့ စိုးရိမ်ရတဲ့အနေအထားရှိတယ်" ဟု ယာဉ်မတော်တဆမှုဖြစ်ပွားရာသို့ သွားရောက်ကယ်ဆယ် ပို့ဆောင်ပေးခဲ့သည့် ကမ်းလင့်လက်များ လူမှု ကူညီရေးအသင်း (နောင်ပိန်)မှ ဦးစိုင်းနေအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၉ခုနှစ် ဧပြီလ (၂၁)ရက် နံနက် (၇)နာရီဝန်းကျင်ခန့်က ပြည်ထောင်စုလမ်းမကြီး( ကျောင်းကုန်းကျေးရွာအနီး)၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတွင် ဒဏ်ရာရသည့် ယာဉ်မောင်းမှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် တွင် နေထိုင်သူ အသက်(၃၀)နှစ်ရှိ ကိုခင်ဇော်ဖြစ်ပြီး ယာဘက် ပေါင်နှင့် ခြေသလုံးကျိုးကာ ယာဘက်တံတောင်ဆစ်ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

မတော်တဆမှုမှ ဒဏ်ရာရသူအား နောင်ပိန်တိုက်နယ်ဆေးရုံသို့ တင်ပို့ကုသထားရာမှ နေ့လည်ပိုင်းတွင် ကျောက်မဲပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့တင်ဆောင်ထားလိုက်ခြင်းဖြစ်ကြောင်း ကမ်းလင့်လက်များ လူမှု ကူညီရေး အသင်း ( နောင်ပိန် ) မှ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ကမ်းလင့်လက်များလူမှုကူညီရေးအသင်း ( နောင်ပိန် )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net