မုံးကိုးဒေသတွင် ကိုးကန့် MNDAA နှင့် တစ်ရက်တာတိုက်ပွဲအတွင်း  အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးကျည် ထောင်ဂဏန်းနီးပါး ပစ်ခတ်

မုံးကိုးဒေသတွင် ကိုးကန့် MNDAA နှင့် တစ်ရက်တာတိုက်ပွဲအတွင်း  အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးကျည် ထောင်ဂဏန်းနီးပါး ပစ်ခတ်
နိုဝင်ဘာ 22, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ခရိုင်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့ တစ်နေ့တာအတွင်း ကိုးကန့် MNDAA နှင့် (၆)ကြိမ် တိုက်ပွဲဖြစ်ပွားသည့် အာဏာသိမ်းစစ်တပ်က  လက်နက်ကြီးကျည်အရေအတွက် ထောင်ဂဏန်းနီးပါး ပစ်ခတ်ကြောင်း သိရသည်။

အထူးဒေသ (၁) မုံးကိုးခရိုင် ရှိကျိကျတောင်တန်းနှင့် မန်ရန်‌ဒေသရှိ ကိုးကန့် MNDAA ၏တပ်စခန်းကို လက်နက်ကြီးအချက်ရေ (၉၀၀) ကျော်ပစ်ခတ်သည်ဟု ဒေသအခြေစိုက် ကိုးကန့်သတင်းတွင် နိုဝင်ဘာလ (၂၂)ရက်နေ့က ဖေါ်ပြထားသည်။

အာဏာသိမ်းစစ်တပ်၏ တပ်မ(၉၉) လက် အောက်ခံတပ်ရင်း(၁၅)နှင့် တပ်မ(၇၇)လက်အောက်ခံ တပ်ရင်း(၁၀၅)တို့၏ ပူးပေါင်းစစ်ဆင်ရေးတပ်ဖွဲ့သည် ကိုးကန့်MNDAAရှိ မန်ရန် တပ်စခန်းကို (၂)ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်မှ (၂၀) ကျော်သေဆုံးပြီး  ကိုးကန့် MNDAA က (၁)ဦး သေဆုံးသည်ဟု သိရသည်။

 ယမန်နေ့ တစ်ရက်အတွင်း  စစ်ကောင်စီနှင့် ကိုးကန့်MNDAA တို့သည် မုံးကိုးခရိုင် ပန်ရင်လပ ၊ ပန်ဆာ‌တောင်ကုန်း၊ ရှပန်ဆာ ၊ ချင်ချိုင့်ထန်‌တောင်ကုန်းနှင့် ဖောင်းဆိုင်တံတား စသောနေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ စွန့်ပစ်ခဲ့သည့် လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

#TachileikNewsAgency