အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများအတွက် သုံးနေသည့် ဗန်းမော်လေဆိပ်ကို KIA က လက်နက်ကြီးဖြင့် ပစ်ခတ်

အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများအတွက် သုံးနေသည့် ဗန်းမော်လေဆိပ်ကို KIA က လက်နက်ကြီးဖြင့် ပစ်ခတ်
ဧပြီ 29, 2021 | နိုင်ငံရေး

 

အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်အတွင်း လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်မှုများ လုပ်ဆောင်နေရာ KIA က ဗန်းမော်လေဆိပ်ကို ၂၀၂၁ ခုနှစ် ဧပြီလ (၂၉) ရက်နေ့၌ လက်နက်ကြီးဖြင့် (၃) ကြိမ်ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ကြောင်း သိရသည်။



ဗန်းမော်လေဆိပ်ကို KIA က ဧပြီလ(၂၉)ရက်နေ့ နံနက် (၂) နာရီကျော်အချိန်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်အတွင်း အလော့ဘွမ်တိုက်ပွဲအပါအဝင်   KIA နှင့် တိုက်ပွဲများတွင် လေကြောင်းပစ်ကူခြင်းအပြင် လေကြောင်းမှ စစ်ကူပို့ခြင်းများအတွက် အသုံးပြုနေသည့်အတွက် ဗန်းမော်လေဆိပ်ကို KIA က တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။



ယင်းသို့ တိုက်ခိုက်ပြီးနောက် ဗန်းမော်မြို့နှင့် အနီးဝန်းကျင်တွင် လက်နက်ကြီးပစ်သံအပါအဝင် ပစ်ခတ်သံများ ညပိုင်းအထိ ကြားနေရဆဲဖြစ်ကြောင်း ဗန်းမော်လူထုမီဒီယာတစ်ခုဖြစ်သည့် Bamaw Platform တွင် ဖေါ်ပြထားသည်။