ဧပြီလ(၂၈)ရက်နေ့အထိ မယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀၃)ဦး ရှိနေပြီး၊ တာချီလိတ်မြို့တွင် (၆)ဦးရှိနေ

ဧပြီလ(၂၈)ရက်နေ့အထိ မယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ စုစုပေါင်း (၁၀၃)ဦး ရှိနေပြီး၊ တာချီလိတ်မြို့တွင် (၆)ဦးရှိနေ
ဧပြီ 28, 2021 | Covid-19| ရှမ်းရှေ့

 တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ယနေ့ ဧပြီလ(၂၈)ရက်နေ့၌ Covid-19 အတည်ပြုလူနာ (၃)ဦးထပ်တိုး၍ မယ်ဆိုင်မြို့တွင် အတည်ပြုလူနာ စုစုပေါင်း (၁၀၃)ဦးရှိနေကြောင်း မယ်ဆိုင်ဆေးရုံက သတင်းထုတ်ပြန်ထားသည်။

ဧပြီလ(၂၃)ရက်နေ့က အတည်ပြုလူနာ (၆၆)ဦးရှိခဲ့ပြီး ဧပြီလ(၂၈)ရက်နေ့အထိ (၁၀၃)ဦးရှိလာသည့်အတွက် မယ်ဆိုင်မြို့တွင် (၅)ရက်အတွင်း (၃၇)ဦးတိုးလာခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင်  ဧပြီလ(၂၈)ရက်နေ့အထိ ထိုင်းနိုင်ငံဘက်က လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများထဲက အတည်ပြုလူနာ (၅)ဦး နှင့် ဧပြီလ(၂၇)ရက်နေ့က အသစ်ထပ်တိုးတွေ့ရသည့် မကွေးမြို့က လာသူ တစ်ဦး အပါအဝင် စုစုပေါင်း အတည်ပြုလူနာ (၆)ဦးရှိနေပြီး ၎င်းတို့ကို တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် ထားရှိသည်။

မယ်ဆိုင်မြို့တွင် Covid-19 အတည်ပြုလူနာ နေ့စဉ်တွေ့နေရသော်လည်း မယ်ဆိုင်မြို့နှင့်အနီး တာချီလိတ်မြို့တွင် Covid-19 ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်း မရှိသေးကြောင်း နှင့် လူစုလူဝေးများလည်းဖြစ်နေသည်ကို Covid-19 ကာကွယ်ရေး အသိပညာပေးနိုင်ခြင်းလည်း မရှိသေးကြောင်း သိရသည်။