လာအိုနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၉၃) ဦးတိုးလာပြီး စုစုပေါင်း အတည်ပြုလူနာ (၆၀၄)ဦးရှိလာ

လာအိုနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၉၃) ဦးတိုးလာပြီး စုစုပေါင်း အတည်ပြုလူနာ (၆၀၄)ဦးရှိလာ

 COVID 19 ဒုတိယလှိုင်းဖြစ်သည့် မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့က COVID 19 အတည်ပြုလူနာ (၉၃) ဦးထပ်တိုးလာသဖြင့် စုစုပေါင်းအတည်ပြုလူနာ (၆၀၄) ဦးရှိလာပြီဖြစ်သည်။

လွန်ခဲ့သည့် (၂၄) နာရီအတွင်း လူပေါင်း (၃၀၅၅) ဦးကိုစစ်ဆေးရာ အတည်ပြုလူနာ (၉၃) ဦးထပ်တိုးတွေ့ရခြင်းဖြစ်ပြီး အတည်ပြုလူနာအများစုကို မြို့တော် ဗီယန်တိုင်းတွင် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် ဒုတိယလှိုင်းအတွင်း အတည်ပြုလူနာတွေ့ရှိမှုနှုန်းတိုးလာသော်လည်း လက်ရှိအချိန်ထိ သေဆုံးသူမရှိသေးကြောင်း သိရသည်။

လာအို၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင် တတိယလှိုင်းဖြစ်ပွားနေ၍ နယ်စပ်တလျှောက်ခိုးဝင်နိုင်သည့်နေရာများကို တင်းကြပ်ထားပြီး ဝင်လာသူအားလုံးကို အသွားအလာကန့်သတ်၍ စစ်ဆေးနေရာ ယနေ့တစ်နေ့တာအတွင်း ထိုင်း - လာအို ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာသူ (၁၃၂၆) ဦး၊ တရုတ်မှ ဝင်လာသူ (၂၃) ဦးနှင့် ဗီယက်နမ်မှ ဝင်လာသူ (၁၀၈၈) ဦးရှိကြောင်း သိရသည်။

လာအိုနိုင်ငံတွင်း Quarantine Center (၅၀) ဖွင့်လှစ်ထားကြောင်း သိရသည်။ 

#TachileikNewsAgency

source: laotiantimes