စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှု Covid-19 လူနာ(၆)ဦးရှိသည့်အတွက် စစ်တွေမှ ရန်ကုန်သို့ လာမည့်သူများ Quarantine ဝင်ကာ စစ်ဆေးခံရမည်

စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှု Covid-19 လူနာ(၆)ဦးရှိသည့်အတွက် စစ်တွေမှ ရန်ကုန်သို့ လာမည့်သူများ Quarantine ဝင်ကာ စစ်ဆေးခံရမည်
သြဂုတ် 20, 2020
By Tachileik News Agency
စစ်တွေမြို့တွင်  ပြည်တွင်းကူးစက်မှု Covid-19 လူနာ(၆)ဦးရှိသည့်အတွက် စစ်တွေမှ ရန်ကုန်သို့ လာမည့်သူများ  Quarantine ဝင်ကာ စစ်ဆေးခံရမည်
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် Covid-19 နှင့် ပတ်သက်၍  (၄)ရက်အတွင်း ပြည်တွင်းကူးစက်ခံရသူ (၆)ဦးအထိ ရှိလာသည့်အတွက် စစ်တွေမြို့မှ ရန်ကုန်သို့ လာရောက်မည့်သူများအနေဖြင့် ရန်ကုန်တွင် Quarantine နေရန် သတ်မှတ်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ (FacebooK)မှ တဆင့် 

စစ်တွေမှ ရန်ကုန်သို့ လာရောက်ကြမည့်သူများ ရန်ကုန်တွင် Quarantine နေရပါမည်။ Swab (၂)ခါ ယူရပါမည်။ Hotel သို့ Facility Quarantine ရွေးချယ်နိုင်ပါသည်။

ဟု ၂၀၂၀ခုနှစ် ဩဂုတ်လ (၂၀)ရက်နေ့ နံနက်(၁၁)နာရီအချိန်က အသိပေးထားရှိသည်။
လတ်တလောတွင် Quarantine ဝင်ရန်အတွက်သာ အသိပေးထားပြီး လေကြောင်းလိုင်းမှ လာမည့် သူ သို့မဟုတ် ကားဖြင့်လာမည့်သူ စသည်ဖြင့် ခွဲခြားအသိပေးထားခြင်းမရှိသေးသော်လည်း အပြည့်အစုံအား ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
စစ်တွေမှ ရန်ကုန်သို့ လာမည့်သူများအနေဖြင့် Facility Quarantine တွင် ဖြစ်စေ Hotel တွင်ဖြစ်စေ  Quarantine ဝင်ရမည်ဖြစ်ပြီး Covid-19 ဓါတ်ခွဲစစ်ဆေးရန်အတွက် ဓါတ်ခွဲနမူနာကို (၂)ကြိမ် ယူရမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့တွင် ပြည်ပနိုင်ငံသွားလာဖူးခြင်းမရှိသည့်အပြင် အတည်ပြု/သံသယ လူနာများနှင့် ထိတွေ့ဖူးသူများ မဟုတ်သည့် ပြည်တွင်းကူးစက်မှု လူနာ(Case 375)ကို ၂၀၂၀ခုနှစ် ဩဂုတ်လ (၁၆)ရက်နေ့က စတင်တွေ့ရှိခဲ့ပြီး ဩဂုတ်လ(၁၉)ရက်နေ့တွင် အထိတွေ့မရှိသူ နောက်ထပ် (၃)ဦးကို စစ်ဆေးတွေ့ရှိသည့် အပြင် ဩဂုတ်လ(၂၀)ရက်နေ့တွင် (Case 375) နှင့် ထိတွေ့သူ တစ်ဦးနှင့် အထိအတွေ့မရှိသူ နောက်ထပ် (၁)ဦးကို ထပ်မံတွေ့ရှိရသည့်အတွက် စစ်တွေမြို့တွင် ဩဂုတ်လ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ ပြည်တွင်း ကူးစက်လူနာအဖြစ် စုစုပေါင်း (၆)ဦးတွင် Covid-19 စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။
လတ်တလောတွင် အဆိုပါ အတည်ပြုလူနာ အမျိုးသမီး (၅)ဦး နှင့် အမျိုးသား(၁)ဦး စုစုပေါင်း (၆)ဦးနေထိုင်သည့် ရပ်ကွက်များမှ နေရာပေါင်း (၅)နေရာအား အသွားအလာကန့်သတ်ထားရှိကြောင်း သိရှိရသည်။
Tachileik News Agency
   

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~