တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်အတွင်းမှ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် လိုက်လံ အသိပေး စစ်ဆေး

တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်အတွင်းမှ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် လိုက်လံ အသိပေး စစ်ဆေး
နိုဝင်ဘာ 26, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့နယ်အတွင်းမှ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် လိုက်လံ အသိပေး စစ်ဆေး

တာချီလိတ်မြို့ပေါ်တွင် ဒေသတွင်း ကူးစက်မှုအဖြစ် Covid-19 တွေ့ရှိရ၍ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်းမြို့ပေါ်မှ စားသောက်ဆိုင်များ အားလုံး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် နှင့် Covid-19 ကာကွယ်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ ပြင်ဆင်ထားမှု ရှိမရှိကိုပါ သက်ဆိုင်ရာတာဝန်ရှိသူများက နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေပိုင်းက အသိပေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
လိုက်လံစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် စားသောက်ဆိုင်များ အနေဖြင့် စားသောက်ဆိုင်အဝင်ဝတွင် လက်ဆေးဘေစင်၊ ဆပ်ပြာနှင့် လက်သန့်ဆေးရည်များ ထားရှိရန်၊ ဈေးဝယ်သူများကို ဆိုင်အတွင်းသို့ ဝင်ရောက်ခြင်း မရှိစေဘဲ ကြိုးတားထားရှိရန်၊ ဆိုင်ဝန်ထမ်းများလည်း လက်အိတ်နှင့် နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်ရန်၊ စားပွဲ၌ ပလပ်စတစ်ပြားဖြင့် ကာထားရန်၊ COVID-19 ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရေးနှင့် ဆိုင်ထိုင်စားသုံးခြင်းကို ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးအတွက် မိုင်းယောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဟန်စိုးက  ဆိုင်ရှင်များအား ရှင်းလင်ပြောကြားသည်။
နေ့ပိုင်းဖွင့်လှစ်ရောင်းချသည့် ဈေးဆိုင်များစစ်ဆေးမှုတွင် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းပါဝင်ကာ လိုက်လံစစ်ဆေးပြီး အသိပညာပေးမှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။ 
မိုင်းယောင်းမြို့နယ်ရှိ စားသောက်ဆိုင်များအားလုံးကို ပါဆယ်စနစ်ဖြင့်သာ ဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်ပြည့်မီ၍ သတ်မှတ်(A)အဆင့်ရမှသာ ဆိုင်ထိုင်စနစ်ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက အသိပေးထားရှိသည်။ 
တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် တာချီလိတ်မြို့နယ်တွင် Covid-19 ပိုးတွေ့ရှိ လက်ရှိတွင် (၃)ဦးအထိရှိနေပြီး မိုင်းယောင်းမြို့နယ်သည် လက်ရှိအချိန်အထိ Covid-19 ပိုးကင်းစင်နေသည့် မြို့ဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - အားချာ
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~