တရုတ်နိုင်ငံက မဲခေါင်မြစ်တွင်တည်ဆောက်ထားသည့် ရေအားလျှပ်စစ် စမ်းသပ်လည်ပတ်မည်ဖြစ်၍ မြစ်ရေ ကျဆင်းမည်

တရုတ်နိုင်ငံက မဲခေါင်မြစ်တွင်တည်ဆောက်ထားသည့် ရေအားလျှပ်စစ် စမ်းသပ်လည်ပတ်မည်ဖြစ်၍ မြစ်ရေ ကျဆင်းမည်
ဒီဇင်ဘာ 30, 2019
By 🌸

တရုတ်နိုင်ငံက မဲခေါင်မြစ်တွင်တည်ဆောက်ထားသည့် ရေအားလျှပ်စစ် စမ်းသပ်လည်ပတ်မည်ဖြစ်၍ မြစ်ရေ ကျဆင်းမည်

နိုင်ငံပေါင်း (၆)နိုင်ငံ၌ ဖြတ်သန်းစီးဆင်းသွားသည့် မဲခေါင်မြစ်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသည့် ကျင်းဟောင်ရေအားလျှပ်စစ်စီမံကိန်း စမ်းသပ်လည်ပတ်မည်ဖြစ်၍ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ ဆည်မှရေလွှတ်သည့်ပမာဏလျော့ကျမည်ဖြစ်၍ မဲခေါင်မြစ်ရေကျဆင်းမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီး မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများတွင် ဖြတ်သန်းစီးဆင်းနေသည့် မဲခေါင်မြစ်တွင် တရုတ်နိုင်ငံက ကျင်းဟောင်ဆည်ကို တည်ဆောက်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း စမ်းသပ်လည်ပတ်မည်ဖြစ်၍ ဇန်နဝါရီလ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ ဆည်မှ ရေလွှတ်သည့်ပမာဏကို တစ်စက္ကန့်လျှင် ရေကုဗမီတာ (၁၂၀၀)မှ (၁၄၀၀) ရေလွှတ်နေရာမှ (၈၀၀)မှ (၁၀၀၀)ကုဗမီတာသို့ လျှော့ချမည်ဖြစ်ကြောင်း တရုတ်ရေအရင်းအမြစ်ဝန်ကြီးဌာနက သတိပေးထားသည်။

ယင်းနောက် ဇန်နဝါရီလ (၄)ရက်နေ့တွင် ဆည်ရေလွှတ်သည့်ပမာဏကို တစ်စက္ကန့်လျှင် ရေကုဗမီတာ (၅၀၄)မှ (၈၀၀)သို့ လျှော့ချမည်ဟု သိရသည်။

ကျင်းဟောင်ရေအားလျှပ်စစ် ကနဦးစမ်းသပ်လည်ပတ်စဉ်ကလည်း မဲခေါင်မြစ်ရေမှာ (၄၀)စင်တီမီတာမှ (၆၀)စင်တီမီတာအထိ ကျဆင်းသွားခဲ့ရသည်။

မဲခေါင်မြစ်ရေကျဆင်းမည်ဖြစ်၍ မြစ်ဘေးတလျှောက် မြစ်ရေအသုံးပြုသည့်လုပ်ငန်းများအနေဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်ရန် ထိုင်းနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။

ယခုနှစ်၏ မိုးရွာသွန်းမှုမှာ ပုံမှန်ထက် (၁၈)ရာခိုင်နှုန်းအောက် လျော့ကျခဲ့၍ မဲခေါင်မြစ်ရေကျဆင်းခြင်းနှင့် ကြုံတွေ့နေရခြင်းဖြစ်ရာ အချို့နေရာများတွင် ရေခမ်းခြောက်ခြင်းများမှာ လာမည့် ၂၀၂၀ ခုနှစ်အထိ ကြုံတွေ့ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။

Tachileik News Agency
Source: Bangkok Post, Chiangrai Times

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~