လာအိုတွင် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ဘိုကျောက်ခရိုင်အပါအဝင် တစ်နိုင်ငံလုံး၌ အတည်ပြုလူနာ (၇၆)ဦးထပ်တိုး

လာအိုတွင် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ဘိုကျောက်ခရိုင်အပါအဝင် တစ်နိုင်ငံလုံး၌ အတည်ပြုလူနာ (၇၆)ဦးထပ်တိုး

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၅) ရက်နေ့က COVID 19 အတည်ပြုလူနာ (၇၆) ဦး ထပ်တိုးတွေ့ရသဖြင့် အတည်ပြုလူနာစုစုပေါင်း (၃၂၃) ဦးအထိ တိုးလာပြီဖြစ်သည်။

အသစ်ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ဘိုကျောက်ခရိုင်မှ (၁) ဦးပါဝင်ကြောင်း သိရသည်။

အတည်ပြုလူနာအများစုမှာ ရောဂါလက္ခဏာမပြသဖြင့် COVID 19 ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်သွားလာခြင်းအား တတ်နိုင်သမျှလျှော့ချကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါက Mask တပ်ကြရန်နှင့် လက်ကိုမကြာခဏဆေးရန်အပါအဝင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်နာကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

လာအိုနိုင်ငံတွင် ဧပြီလနောက်ဆုံးပတ်အတွင်း နေ့စဉ် အတည်ပြုလူနာတွေ့ရှိမှုမှာ ယခင်က ဆယ်ဂဏန်းအောက်တွေ့ရှိနေရာမှ ရာဂဏန်းနီးပါး ခုန်တက်သွားပြီးနောက် ဒုတိယလှိုင်းဖြစ်လာသဖြင့် quarantine center များ၊ COVID 19 ကုသရေးစင်တာများကို အရေးပါ်ဖွင့်လှစ်နေရခြင်းဖြစ်သည်။

ယင်းအပြင် ကုသရေးအတွက်လိုအပ်သည့်ပစ္စည်းများကို WHO ကလည်း ပံ့ပိုးပေးနေပြီး လာအိုအစိုးရကလည်း ကာကွယ်ဆေးထိုးရန် အွန်လိုင်းမှစာရင်းပေးသွင်းနိုင်မည့်အစီအစဉ်ကို လုပ်ဆောင်နေပြီဟု သိရသည်။ လာအိုနိုင်ငံသည် လက်ရှိအချိန်ထိ COVID 19 ကြောင့် သေဆုံးသူမရှိသေးသည့်နိုင်ငံဖြစ်သည်။

#TachileikNewsAgency

source: Laotian Times