ကျောက်မဲမြို့တွင် ကိုယ်ပူပြီး မူးလဲသည့် အမျိုးသားတစ်ဦးကို COVID-19 စောင့်ကြည့်သံသယ လူနာအဖြစ် သတ်မှတ်ထား

ကျောက်မဲမြို့တွင် ကိုယ်ပူပြီး မူးလဲသည့် အမျိုးသားတစ်ဦးကို COVID-19 စောင့်ကြည့်သံသယ လူနာအဖြစ် သတ်မှတ်ထား
မတ် 29, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ကိုယ်ပူပြီး မူးလဲသည့် အမျိုးသားတစ်ဦးကို COVID-19 စောင့်ကြည့်သံသယ လူနာအဖြစ် သတ်မှတ်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မတ်လ(၂၈)ရက်နေ့ ညပိုင်းက ကိုယ်ပူချိန်တက်ပြီး မူးလဲကာ ကျောက်မဲပြည်သူ့ဆေးရုံသို့ ရောက်ရှိလာသည့် အသက်(၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးအား COVID-19 စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

လောလောဆယ်တော့ ဆေးရုံအုပ်ကြီး စစ်ဆေးဆုံးဖြတ်တဲ့အတိုင်း သံသယလူနာအဖြစ် သတ်မှတ်ပြီး ပြည်သူ့ဆေးရုံကြီး သံဃာဆောင်မှာ သီးခြားခွဲထားပါတယ်၊ သူ့ဆီက လိုအပ်တဲ့ နမူနာတွေယူပြီး ဓါတ်ခွဲစစ်ဆေးဖို့ ဆက်ပြီး လုပ်ဆောင်မှာပါ၊ သံသယလူနာနဲ့ပတ်သက်ပြီး ဒီမနက်ပဲ အစည်းအဝေးတစ်ခု ထပ်လုပ်သွား ဖို့ရှိပါတယ်

ဟု ကျောက်မဲခရိုင်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဒေါက်တာနန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းက ပြောသည်။

အဆိုပါ အမျိုးသားသည် ကျောက်မဲရှိ ကျေးရွာတစ်ခုတွင် နေထိုင်သူဖြစ်ကာ နမ့်လန်မြို့တွင် ခေတ္တရောက်ရှိနေခြင်း ဖြစ်ပြီး မတ်လ(၂၈ ရက်)ညနေပိုင်းက ကိုယ်ပူချိန်တက်ပြီး မူးလဲသဖြင့် ကျောက်မဲ ပြည်သူ့ ဆေးရုံသို့ရောက်ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။

အိမ်နီးချင်းနိုင်ငံများမှ ပြန်လာသူများအား ကျောက်မဲတွင် သီးသန့်စောင့်ကြည့်နေရာ (၂) နေရာခွဲထားကာမတ်လ (၂၅)ရက်က စတင်ကာ (၁၄)ရက်တာ ကျန်းမာရေးစောင့်ကြည့်မှု ပြုလုပ်ပေးနေပြီး မတ်လ (၂၈)ရက် ညပိုင်းထိ စုစုပေါင်း ၁၀၈ ဦး ကို စောင့်ကြည့်ပေးနေကြောင်း နှင့် လူဦးရေတိုးပွားလာသည့် အတွက် သီးသန့်နေရာတစ်ခု ထပ်မံတိုးချဲ့သွားရန်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်

ဆက်စပ်သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် နိုင်ငံခြားမှ ပြန်လာသူများအား သီးခြားစောင့်ကြည့်ရမည့်နေရာ (၂)ခု သတ်မှတ်ထားပြီး စောင့်ကြည့်ထားသူ (၄၃)ဦးရှိနေ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~