နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၀၁၀)ဦး ထပ်တိုး၍ စုစုပေါင်းလူနာ (၁၄၃၈၃)ဦးရှိလာ

နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၀၁၀)ဦး ထပ်တိုး၍ စုစုပေါင်းလူနာ (၁၄၃၈၃)ဦးရှိလာ
အောက်တိုဘာ 1, 2020
By 🌸
နိုင်ငံအတွင်း Covid-19 အတည်ပြုလူနာ (၁၀၁၀)ဦး ထပ်တိုး၍ စုစုပေါင်းလူနာ (၁၄၃၈၃)ဦးရှိလာ
(၂၄) နာရီအတွင်း စစ်ဆေးသည့် ဓာတ်ခွဲနမူနာ ( ၅၃၅၂) ခုတွင် အတည်ပြုလူနာသစ် (၁၀၁၀)ဦး ထပ်တိုးလာသဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ ည (၈)နာရီအထိ စုစုပေါင်း အတည်ပြုလူနာ ( ၁၄၃၈၃)ဦးရှိပြီဖြစ်သည်။
အောက်တိုဘာလ (၁)ရက်နေ့ ညပိုင်းထုတ်ပြန်သည်အထိ (၂၄)နာရီအတွင်း ဆေးရုံဆင်းခွင့်ရသူ (၄၀၁)ဦးထပ်တိုး၍  စုစုပေါင်း (၄၁၅၆)ဦး ဆေးရုံဆင်းသွားနိုင်ပြီဖြစ်ပြီး သေဆုံးလူနာ (၁၁)ဦး ထပ်တိုး၍ စုစုပေါင်း (၃၂၁)ဦး သေဆုံးခဲ့ရပြီဖြစ်သည်။
အောက်တိုဘာလ (၁) ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ COVID 19 ဓာတ်ခွဲနမူနာပေါင်း (၃၀၁၃၉၃) ခုကို စစ်ဆေးခဲ့ပြီးဖြစ်ကာ လက်ရှိတွင် ဓာတ်ခွဲဌာနများ၊ ပြည်သူ့ဆေးရုံများရှိ ဓာတ်ခွဲစစ်ဆေးသည့်စက်များအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများ၌ Rapid Antigen Diagnostic Test Kit များဖြင့်ပါ  စက်တင်ဘာလ (၃၀)ရက်နေ့မှစ၍ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews  #Tachileik #Myanmar #MyanmarNews #MyanmaronlineNews

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~