ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)က (၂)လကျော်အတွင်း ဓါတ်ခွဲနမူနာ (၁၀,၀၀၀)တိတိ စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂၅)ဦး တွေ့ရှိခဲ့

ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)က (၂)လကျော်အတွင်း ဓါတ်ခွဲနမူနာ (၁၀,၀၀၀)တိတိ စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂၅)ဦး တွေ့ရှိခဲ့
နိုဝင်ဘာ 23, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)က (၂)လကျော်အတွင်း ဓါတ်ခွဲနမူနာ (၁၀,၀၀၀)တိတိ စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂၅)ဦး တွေ့ရှိခဲ့

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)က (၂)လကျော်အတွင်း Covid-19 ဓါတ်ခွဲနမူနာ(၁၀,၀၀၀)တိတိကို စစ်ဆေးခဲ့ရာ အတည်ပြုလူနာ (၁၂၅)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(တောင်ကြီး)သို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များ အပါအဝင် ကယားပြည်နယ်တို့မှ ပေးပို့လာသည့် ဓါတ်ခွဲနမူနာများကို ၂၀၂၀ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့က စ၍ နိုဝင်ဘာလ (၂၀)ရက်နေ့အထိ စစ်ဆေးခဲ့ရာ ဓါတ်ခွဲနမူနာ (၁၀,၀၀၀)တိတိရှိပြီဖြစ်ပြီး ယင်းအရေအတွက်ထဲက အတည်ပြုလူနာ(၁၂၅)ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Covid-19 ပိုးတွေ့ရှိရသည့် (၁၂၅)ဦးသည် ရှမ်းပြည်နယ်(တောင်ပိုင်း)တစ်ခုတည်းက မဟုတ်ဘဲ ရှမ်းပြည်နယ်တစ်ခုလုံးအပါအဝင် ကယားယာပြည်နယ် နှင့် မန္တလေးက အတည်ပြုလူနာများလည်း ပါဝင်ကြောင်းနှင့် ပိုးတွေ့လူနာများကို ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းထဲက အများဆုံးတွေ့ရှိရကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတွင် Covid-19 ဓါတ်ခွဲနမူနာများနှင့် ပတ်သက်၍ စစ်ဆေးနိုင်ခြင်း မရှိချိန်က ရှမ်းပြည်နယ်အတွင်းမှ ဓါတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင် စစ်ဆေးခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~