တာချီလိတ်ခရိုင်အနီး  လွိုင်ကော်ဝမ်း စစ်ဘေးရှောင်စခန်းအနီး အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်မှု နှင့် စစ်အင်အားဖြည့်တင်းမှုနှင့် ပတ်သက်၍ သျှမ်းပြည်စစ်ဘေးရှောင်ကော်မတီ(ထိုင်းနယ်စပ်)မှ သတင်းထုတ်ပြန်

တာချီလိတ်ခရိုင်အနီး  လွိုင်ကော်ဝမ်း စစ်ဘေးရှောင်စခန်းအနီး အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်မှု နှင့် စစ်အင်အားဖြည့်တင်းမှုနှင့် ပတ်သက်၍ သျှမ်းပြည်စစ်ဘေးရှောင်ကော်မတီ(ထိုင်းနယ်စပ်)မှ သတင်းထုတ်ပြန်

တာချီလိတ်ခရိုင်အနီး  လွိုင်ကော်ဝမ်း စစ်ဘေးရှောင်စခန်းအနီး အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်မှု နှင့် စစ်အင်အားဖြည့်တင်းမှုနှင့် ပတ်သက်၍ သျှမ်းပြည်စစ်ဘေးရှောင်ကော်မတီ(ထိုင်းနယ်စပ်)မှ သတင်းထုတ်ပြန်

တာချီလိတ်ခရိုင်အနီး  လွိုင်ကော်ဝမ်း စစ်ဘေးရှောင်စခန်း အနီးသို့ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်မှလက်နက်ကြီးဖြင့်ပစ်ခတ်မှုနှင့် စစ်အင်အားဖြည့်တင်းနေမှုများနှင့် ပတ်သက်၍ သျှမ်းပြည်စစ်ဘေးရှောင်ကော်မတီ(ထိုင်းနယ်စပ်)က ဧပြီလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

 

အရေးပေါ်ထုတ်ပြန်ကြေညာချက်

သျှမ်းပြည်စစ်ဘေးရှောင်ကော်မတီ(ထိုင်းနယ်စပ်)

==================================

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့။

လွိုင်ကော်ဝမ်းစစ်ဘေးရှောင်စခန်းအနီးသို့ မြန်မာစစ်တပ်၏လက်နက် ကြီးပစ်ခတ်မှုနှင့်စစ်အင်အားဖြည့်တင်းနေမှုများကြောင့် ၎င်းစခန်းရှိစစ် ဘေးရှောင်(၂,၅၀၀)ကျော်တို့ စိုးရိမ်ထိတ်လန့်နေကြရ

မြန်မာစစ်တပ်၏လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲမှု နှင့်စစ်အင်အားရာချီဖြည့်တင်းနေမှုတို့ကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်းခရိုင်နှင့်ထိစပ်နေသော လွိုင်ကော်ဝမ်းစစ်ဘေးရှောင်(၂,၅၀၀) ကျော်တို့သည် စိုးရိမ်ထိတ်လန့်နေ ကြရသည်။

၂၀၂၁ခုနှစ်ဧပြီလ(၁၈)ရက်နေ့ ညနေ(၀၅)နာရီ(၄၅)မိနစ်အချိန်၌ မြန်မာစစ်တပ်ဘက်မှ(၁၂၀)မမ လက်နက် ကြီးကျည်(၂)လုံးဖြင့်ပစ်ခတ် မှုကြောင့် စစ်ဘေးရှောင်စခန်းနှင့်(၂)ကီလိုမီတာခန့်အကွာရှိ တောင်ယာ ထဲသို့ကျရောက် ပေါက်ကွဲခဲ့သည်။ ထိုအချိန်တွင် ရွာသား(၂၀) ခန့်တို့ သည်၎င်းတို့၏တောင်ယာများထဲတွင်စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိနေ ချိန်ဖြစ်ပြီး၊ အသက်(၁၂)နှစ်နှင့်(၁၃)နှစ်အရွယ်၎င်းတို့၏ခလေးငယ် များလည်းကျွဲနွားထိန်းကျောင်းရင်းရှိနေကြသော အချိန်ပင်ဖြစ်သည်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသောကြောင့် ကံကောင်းထောက် မစွာဖြင့် ရွာသားတစ်စုံ တစ်ဉီးကိုမျှထိမှန်ခြင်း မရှိသော်လည်း အသက် (၅၁) နှစ် အရွယ်အမျိုးသားတစ်ဦးမှာလက်နက်ကြီးကျည်၏ ပေါက်ကွဲ ပြင်းအားကြောင့် လွင့်စဉ်မှောက်လဲသွားခဲ့ရကြောင်းသိရသည်။ ၎င်းညနေ(၀၆)နာ ရီအချိန်ခန့်၌လည်း မြန်မာစစ်တပ် မှတတိယမြောက် လက်နက်ကြီးကျည် တစ်လုံးထပ်မံပစ်ခတ်သံကြားခဲ့ရသော်လည်း လက်နက်ကြီးကျည်ကျရောက် ကွဲသည့်အသံကိုမူ မကြားရသောကြောင့် မည်သည့်နေရာတွင်ကျရောက်ကြောင်းမသိရပေ။

၂၀၂၁ခုနှစ်ဧပြီလ(၁၉)ရက်နေ့ မွန်းလွှဲပိုင်း(၃:၃၈)နာရီနှင့်(၃:၄၂) နာရီအချိန်များ၌ မြန်မာစစ်တပ်မှ(၁၂၀) မမလက်နက်ကြီးများဖြင့်ထပ်မံ ပစ်ခတ်ရာ ရွာသားတို့၏ “ပန်ကွဲ”ခေါ်တောင်ယာနှင့် ကျွဲနွားစားကျက်မြေ ထဲသို့ကျ ရောက်ပေါက်ကွဲခဲ့ပါသည်။ ဤတစ်ကြိမ်တွင်ရွာသားများအားလုံး သည် ရွာထဲသို့ပြန်လာကြရသောကြောင့် တစ်စုံ တစ်ဦးမျှထိခိုက်ဒဏ်ရာ ရခြင်း မရှိပါ။ ၎င်းနေ့ညနေပိုင်းတွင် စစ်ဘေးရှောင်စခန်းရှိရွာသား (၂,၅၅၉)တို့သည် အရေး ပေါ်အခြေအနေရှောင်တိမ်းနိုင်ရေးအ တွက်ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေကြရပြီး မြန်မာစစ်တပ်၏ထိုး စစ်ဆင်တိုက်ပွဲများဖြစ်ပွားလာမှာကိုစိုးရိမ်ကြောက်ရွံကြသဖြင့် ရွာသား များသည်ညအချိန်တွင်ကောင်းမွန်စွာပင် အိပ်မပျော်ရဲကြရပါ။

သျှမ်းအခေါ် “ပန်ကွဲ”သည် လွိုင်ကော်ဝမ်းစစ်ဘေးရှောင်တို့ ၏စိုက်ပျိုးရေးအတွက်အရေးပါသောနေရာဖြစ် သည်။ စစ်ဘေးရှောင် စခန်းသည်မြင့်မားသောတောင်ကြောပေါ်တွင်တည်ရှိသောကြောင့် စိုက်ပျိုးမြေနေရာနှင့်စိုက်ပျိုး ရန်မြေဆီလွှာကောင်းမွန်ခြင်းမရှိသည့် အတွက် ရွာသားတို့သည်၎င်းတို့၏စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို “ပန်ကွဲ”အထိ သွားရောက်လုပ်ကိုင်ကြရသည်။ ဧပြီလသည်ရွာသားတို့ အတွက်၎င်းတို့၏စပါး၊ပြောင်းနှင့်ပဲပုတ်စိုက်ပျိုးရေးတို့အတွက် စိုက်ပျိုး မြေယာပြင်ဆင်နေချိန်ဖြစ်သည်။

၂၀၂၁ခုနှစ်မတ်လ(၃၀)ရက်နေ့က မြန်မာစစ်တပ်မှသျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင် စီ/သျှမ်းပြည် တပ်မတော် (RCSS/SSA) ၏ထိုင်း နယ်စပ်တလျှောက်ရှိ အခြေစိုက်တပ်စခန်းများ ကိုထိုးစစ်ဆင်တိုက်ခိုက်မည်ဖြစ် ကြောင်း၊ မြန်မာစစ်တပ်ဘက်မှထိုင်းအစိုးရဘက်သို့စာပို့ပြီး နောက်ပိုင်း ရွာသားအနည်းငယ်သာလျှင်တောင်ယာသို့ အရဲစွန့်ပြီးသွား ရောက်လုပ်ကိုင်နေကြရာမှ ယခုကဲ့သို့မြန်မာစစ်တပ်၏လက်နက်ကြီး များဖြင့်ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦးတစ်ယောက်မျှ၎င်းတို့၏တောင် ယာစိုက်ပျိုးမွေးမြူရေးအတွက် “ပန်ကွဲ”ဖက်သို့မသွားရဲကြတော့ပါ။

ယခင်အပတ်ကလည်း လွိုင်ကော်ဝမ်းစစ်ဘေးရှောင်စခန်းအနီးသို့ မြန်မာစစ်တပ်ဘက်မှ ခမရ(၂၂၁)၊ ခမရ(၂၂၅)၊ ခမရ(၂၅၉)၊ ခမရ(၃၈၈)၊ ခမရ(၅၅၄)၊ ခမရ(၅၇၂)နှင့် ခလရ(၃၁၄)တို့ဖြင့် စစ်သည်ရာနှင့်ချီ၍ အင် အားဖြည့်တင်းနေမှုများ ကြောင့် ရွာသားများစိုးရိမ်ထိတ်လန့်နေကြရသည်။

ထို့အပြင် လွိုင်ကော်ဝမ်း စစ်ဘေးရှောင်စခန်းအနီးတွင် UWSA (United Wa State Army) ဝတပ်အခြေစိုက် စခန်းများလည်းတည်ရှိနေသည်။ လွိုင်ကော်ဝမ်းစစ်ဘေးရှောင်စခန်းတွင်ခိုလှုံနေသူ အများစုသည် မူလကမိုင်းဆတ် မြို့အရှေ့ဘက်ရှိ မိုင်းကန်းရွာတွင်နေထိုင်ခဲ့ကြသူ များဖြစ်ပြီး၊ ၂၀၀၀ခုနှစ်က မြန်မာစစ်တပ်နှင့်သဘောတူခွင့်ပြုချက်ရ ယူသောဝတပ်၏ မောင်းထုတ်မှုကြောင့်ရွှေ့ပြောင်းလာကြသူများဖြစ်ကြသည်။ ၎င်းနောက်မြောက်ပိုင်းရှိဝလူမျိုးများအား ဝတပ်၏အတင်း ပြောင်းရွှေ့စေခိုင်းမှုဖြင့် အဆိုပါမောင်းထုတ်ခြင်းခံရသော နေရာများတွင် အစားထိုးဝင်ရောက်နေထိုင် စေခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

သျှမ်းပြည်စစ်ဘေးရှောင်ကောင်မတီ(ထိုင်းနယ်စပ်)အနေဖြင့် လွိုင်ကော်ဝမ်းစစ်ဘေးရှောင်စခန်းနှင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် ရှိအခြားသောစစ်ဘေးရှောင်စခန်း(၄)ခုတို့အတွက် စိုးရိမ်မှုများဖြစ်နေရ ပါသည်။ အဆိုပါစစ် ဘေးရှောင်များသည် ၁၉၉၆-၁၉၉၈ခုနှစ်အတွင်း သျှမ်းပြည်အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင်မြန်မာစစ်တပ်၏ ရိုက် နှက်မှု၊ မုဒိမ်းမှု၊ သတ်ဖြတ်မှု၊အစရှိသောလူ့ အခွင့်အရေးချိုးဖောက် မှုများနှင့် ကျေးရွာအလိုက်အတင်းအဓမ္မမောင်းထုတ်မှု တို့ကြောင့်သျှမ်း ပြည်သူလူထု(၃၀၀,၀၀၀)ကျော်နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ ရသူများထဲတွင်အပါအဝင်ဖြစ် ကြပြီး၊ ယနေ့တိုင်ထိုင်း-မြန်မာနယ်စပ်တ လျှောက်ရှိစစ်ဘေးရှောင်စခန်းများတွင်ခိုလှုံနေကြရသည်။

သျှမ်းပြည်စစ်ဘေးရှောင်ကောင်မတီ(ထိုင်းနယ်စပ်)မှ ထိုင်းအစိုးရ အား မြန်မာစစ်တပ်မှထိုးစစ်ဆင်မှုများရှိ လာပါက စစ်ဘေးရှောင်တို့အ တွက် လုံခြုံရေးနှင့်လူသားချင်းစာနာထောက်ထားမှုကူညီနိုင်ရေးတို့အ တွက် ခွင့်ပြုပေးပါ ရန် တောင်းဆိုအပ်ပါသည်။

သျှမ်းပြည်စစ်ဘေးရှောင်ကော်မတီ(ထိုင်းနယ်စပ်)သည် မြန်မာ-ထိုင်းနယ်စပ်စစ်ဘေးရှောင်စခန်း(၅)ခုနှင့် ထိုင်းနိုင်ငံ အတွင်းရှိဒုက္ခသည် စခန်း(၁)ခုတို့မှ စုပေါင်းဖွဲ့စည်းထားသောကော်မတီဖြစ်သည်။