လာအိုနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၄၀၀)နီးပါးကို လာအိုဘက်က Covid-19 စစ်ဆေးပြီးမှ ပြန်ခွင့်ပေးတော့မည်

လာအိုနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၄၀၀)နီးပါးကို လာအိုဘက်က Covid-19 စစ်ဆေးပြီးမှ ပြန်ခွင့်ပေးတော့မည်
စက်တင်ဘာ 5, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၄၀၀)နီးပါးကို လာအိုဘက်က Covid-19 စစ်ဆေးပြီးမှ ပြန်ခွင့်ပေးတော့မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ဘက်မှ နေရပ်ပြန်မည့် လာအိုနိုင်ငံမှ မြန်မာ (၃၉၅)ဦးကို လာအိုနိုင်ငံက COVID 19 စစ်ဆေးပြီးမှ ပြန်ခွင့်ပေးမည်ဖြစ်၍ မူလနေရပ်ပြန်ရန် သတ်မှတ်ရက်ထက် နောက်ကျမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ဘက်က မူဝါဒပြောင်းသွားတဲ့အတွက် နေရပ်ပြန်မယ့် မြန်မာတွေအားလုံးကို သူတို့ဘက်မှာ COVID 19 ပိုးစစ်ပြီး ပိုးမတွေ့မှ ပြန်လွှတ်ပါလို့ သူတို့ကျန်းမာရေးဝန်ကြီးဌာနက ပြောင်းလဲလိုက်တယ်ပြောတယ်။ ဆေးစစ်ဦးမှာဆိုတော့ တစ်ပတ်လောက်တော့ ထပ်ကြာသွားမယ်ထင်တယ်။ ပြန်ခွင့်ပြုမယ့် ရက်အတိအကျတော့ မသိရသေးဘူး”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ(၅)ရက်နေ့တွင် ပြောသည်။
မြန်မာ - လာအို နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြန်လည်ဝင်ရောက်ခွင့်ရရှိထားသော လာအိုရောက် မြန်မာနိုင်ငံသား (၃၉၅)ဦးအား ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် လွှဲပြောင်းလက်ခံရန် သဘောတူညှိနှိုင်းထားရာမှ လာအိုနိုင်ငံ ကျန်မာရေးဝန်ကြီးဌာနနှင့် COVID - 19 တားဆီးကာကွယ်ရေးကော်မတီတို့၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ နေရပ်ပြန်မည့်သူများအား COVID 19 စစ်ဆေးပြီးမှ ပြန်လွှတ်တော့မည်ဖြစ်ကြောင်း သိရသည်။
လာအိုနိုင်ငံမှ တာချီလိတ်ဘက်သို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ(၂၄)ရက်နေ့က ပြန်လာသည့် မြန်မာနိုင်ငံသား (၁၈၆)ဦးတွင် အမျိုးသား (၁)ဦး၌ COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ် တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်ဘက်တွင် တရုတ်ကုမ္ပဏီက ရွှေတြိဂံအထူးစီးပွားရေးဇုန်ဖေါ်ဆောင်ခွင့် (၉၉)နှစ်ရထားသည့်နယ်မြေသို့ မြန်မာနိုင်ငံသားများ သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
 Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~