ကျိုင်းတုံမြို့ တရုတ်စကားပြောသင်တန်းကျောင်းတွင် မှုခင်းဆိုင်ရာ အကြောင်းအရာများနှင့် ယာဉ်/လမ်းစည်းကမ်းဆိုင်ရာများ သိရှိစေရေးအတွက် အသိပညာပေး

ကျိုင်းတုံမြို့ တရုတ်စကားပြောသင်တန်းကျောင်းတွင် မှုခင်းဆိုင်ရာ အကြောင်းအရာများနှင့် ယာဉ်/လမ်းစည်းကမ်းဆိုင်ရာများ သိရှိစေရေးအတွက် အသိပညာပေး
ဇှနျ 8, 2019
By Tachileik News Agency


ယင်းအပြင် ဆိုင်ကယ်မောင်းသူ လူငယ်များအနေဖြင့် သိရှိလိုက်နာကာ ယာဉ်မောင်းစဉ် အန္တရာယ်ကင်းရန်အတွက် ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်၍ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က လည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ်လှမြင့်ဦးက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများကို ဟောပြောကြောင်းနှင့် ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက ဥပဒေရေးရာအကြောင်းအရာ နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်များ၊ ဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အသက်(၁၆)နှစ် နှင့် အသက်(၁၈)နှစ်ပြည့် ကျောင်းသား ကျောင်းသူ (၂၇)ဦးအား ဆိုင်ကယ်လိုင်စင်များ ထုတ်ပေးကာ အသိပညာပေးလက်ကမ်းစာရွက်များကိုလည်း ပေးဝေခဲ့ကြကြောင်း သိရှိရသည်။

ဓါတ်ပုံ - KZA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ရပ်ကွက်(၅)ရှိ တရုတ်စကားပြောသင်တန်းကျောင်းရှိ ခန်းမတွင် မှုခင်းပိုင်းဆိုင်ရာ၊ ယာဉ်စည်းကမ်း-လမ်းစည်ကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုမခံရစေရေး အသိပညာပေး ဟောပြောပွဲ နှင့် ဆိုင်ကယ်မောင်းလိုင်းစဉ်များ ပြုလုပ်ပေးခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ် ဇွန်လ(၈)ရက်နေ့ ညနေပိုင်းက ပြုလုပ်ရာ အဆိုပါ သင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် (၅၀၀)ကျော် တက်ရောက်လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တရုတ်ဘာသာစကားသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဆန်းက အဖွင့်စကားပြောကြားပြီးနောက် ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင်သွင်က ယခုလို အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ယာဉ်/လမ်းစည်းကမ်းနှင့် ပတ်သက်၍ လမ်းမပေါ်ရှိ လမ်းညွှန်များ၊ အမှတ်အသားများနှင့် လမ်းပေါ်ဆေးရေး အမှတ်အသားအကြောင်းရာများကို ကျိုင်းတုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူဦးစီးဌာနမှ စစ်ဆေးရေးမှူး - ၂ ဦးအောင်မိုးက ရှင်းလင်းပြောကြားသည်။

ယင်းအပြင် ဆိုင်ကယ်မောင်းသူ လူငယ်များအနဖြေင့် သိရှိလိုက်နာကာ ယာဉ်မောင်းစဉ် အန္တရာယ်ကင်းရန်အတွက် ယာဉ်/လမ်းစည်းကမ်းနှင့်ပတ်သက်၍ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က လည်းကောင်း၊ မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ်လှမြင့်ဦးက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ သိကောင်းစရာများကို ဟောပြောကြောင်းနှင့် ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကြည်စိုးက ဥပဒေရေးရာအကြောင်းအရာ နှင့် ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်များ၊ ဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များနှင့် ပတ်သက်၍ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အသက်(၁၆)နှစ် နှင့် အသက်(၁၈)နှစ်ပြည့် ကျောင်းသား ကျောင်းသူ (၂၇)ဦးအား ဆိုင်ကယ်လိုင်စင်များ ထုတ်ပေးကာ အသိပညာပေးလက်ကမ်းစာရွက်များကိုလည်း ပေးေဝခဲ့ကြကြောင်း သိရှိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net