တာချီလိတ်တွင် ညနေ(၄)နာရီက စပြီး ညဈေးများ မရောင်းချရန် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထား

တာချီလိတ်တွင် ညနေ(၄)နာရီက စပြီး ညဈေးများ မရောင်းချရန် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထား
မေ 5, 2020
By Tachileik News Agency

တာချီလိတ်တွင် ညနေ(၄)နာရီက စပြီး ညဈေးများ မရောင်းချရန် မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထား

COVID-19 ကြိုတင်ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်ရှားနိုင်ရန်  နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်း ညဈေးအပါအဝင် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရဲ့ လမ်းဘေးတစ်လျှောက် ညဈေးရောင်းချနေတဲ့  ဆိုင်တန်းများ အနေနဲ့ ညနေ(၄)နာရီနောက်ပိုင်းက စပြီး ညပိုင်းရောင်းချခြင်း မပြုလုပ်ရန် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ၂၀၂၀ခုနှစ် မေလ (၁၅)ရက်နေ့အထိ သတ်မှတ်ထားကြောင်း ထပ်မံ အသိပေးထားချက်အရ သိရပါတယ်။

အခုလို သတ်မှတ်ထားကတော့ ညဈေးများအတွက်သာဖြစ်ပြီး ယခင်ကတည်းက ဆိုင်ခန်းတွေဖွင့်လှစ်ပြီး အစားအသောက် ရောင်းချနေတဲ့ စားသောက်ဆိုင်တွေ အအေးဆိုင်တွေအနေနဲ့ကတော့ ညပိုင်း အထိ ဖွင့်ခွင့်ရပေမဲ့လည်း ဆိုင်ထိုင်စားတာကို ခွင့်မပြုဘဲ ပါဆယ်စနစ်ပဲ ခွင့်ပြုပေးထားပါတယ်။

တာချီလိတ်မှာ ညဈေးတွေ မဖွင့်ဖို့ စည်ပင်သာယာရေးဌာနက မေလ(၁၅)ရက်နေ့အထိ သတ်မှတ်ထားသလို ည(၁၀)နာရီကနေ မနက်(၄)နာရီအတွင်း ညမထွက်ရ ထွက်ရင် ထောင်(၃)လ ပြစ်ဒဏ်ချမှတ်မယ်ဆိုပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက၂၀၂၀ခုနှစ် ဇွန်လ(၂၂)ရက်နေ့အထိ အမိန့်ထုတ်ပြန်ထားပါသေးတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~