လွှတ်တော်အဆောက်အဦ မည်သူဆောက်သနည်းဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးသည့် တပ်ကိုယ်စားလှယ်က မေးမြန်း

လွှတ်တော်အဆောက်အဦ မည်သူဆောက်သနည်းဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးသည့် တပ်ကိုယ်စားလှယ်က မေးမြန်း
မတ် 5, 2020
By 🌸

လွှတ်တော်အဆောက်အဦ မည်သူဆောက်သနည်းဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးသည့် တပ်ကိုယ်စားလှယ်က မေးမြန်း

ပြည်ထောင်စုလွှတ်တော်တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၅) ရက်နေ့အစည်းအဝေး၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးနေကြရာ လွှတ်တော်အဆောက်အဦကို မည်သူဆောက်ပေးသနည်းဟု  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး ညီညီလွင်က ဆွေးနွေးမှုအတွင်း နှစ်ကြိမ်ထည့်သွင်း ပြောသွားခြင်းဖြစ်သည်။

"နာယကကြီး ခင်ဗျား။ ဟောဒီအဆောက်အဦးကြီးတွေကို ဘယ်သူတွေဆောက်ပေးခဲ့ပါသလဲ။ နာယကကြီး ခင်ဗျား။ ဟောဒီအဆောက်အဦးကြီးတွေကို ဘယ်သူတွေဆောက်ပေးခဲ့ပါသလဲ။ ခမ်းနားကြီးကျယ်ပါသလား။ ဒီအဆောက်အအုံအတွင်းမှာ ပါတီပေါင်းစုံပါဝင်ဆွေးနွေးနေကြတာဟာ ဒီမိုကရေစီအတိုင်း သွားနေကြတာပါ။ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းရဲ့တိုက်တွန်းချက်မှမပါဘဲ ဒီမိုကရေစီခရီးလျောက်လှမ်းနိုင်အောင် တပ်မတော်က တည်ဆောက်ပေးခဲ့တာပါ။ ဒါသက်သေပြယုဂ်ပါပဲ"

ဟု တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး ညီညီလွင်က ပုဒ်မ (၄၂၇၊ ၄၂၈၊ ၄၂၉၊ ၄၃၁) ပြင်ဆင်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးချိန်တွင် ထည့်သွင်းပြောကြားသွားသည်ကို တွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုအတွင်း လွှတ်တော်အဆောက်အဦ တည်ဆောက်ခြင်းကိစ္စ မေးခွန်းမေးမြန်းခြင်းသည် လွှတ်တော်ဆိုင်ရာနည်းဥပဒေနှင့် ညီညွတ်မှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ကန့်ကွက်သည်။

"ဒီအဆောက်အဦးကြီး ဘယ်သူဆောက်ခဲ့တာလဲဆိုတဲ့ကိစ္စ နှစ်ခါထပ်ပြောပါတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သတ်လို့ ဆွေးနွေးမယ်ဆိုရင် နည်းဥပဒေ (၁၃၈) အရ ဒီဥပဒေကြမ်းမှာပါတဲ့ ပုဒ်မ၊ ပုဒ်မခွဲကလွဲရင် ကျန်တဲ့စကားရပ်တွေထည့်သွင်းဆွေးနွေးရန်မလိုပါဘူး။ ဒါဖွဲ့စည်းပုံအတွက် သီးခြားကိုပြဌာန်းထားခြင်း ဖြစ်ပါတယ်"

ဟု လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းက ကန့်ကွက်သည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်  ဒုတိယဗိုလ်မှူးကြီး ညီညီလွင်၏ စကားရပ်ကို လုံးကောက် မှတ်တမ်းနှင့် တိုက်ဆိုင်ပြီးပြန်လည် စီစစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခွန်တီမြတ်က ဆုံးဖြတ်သည်။

ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် (၈) ဦးတို့ ဆွေးနွေးကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~