နယ်စပ်မြို့ တာချီလိတ်တွင် စိုက်ပျိုးရေးဌာန၏ မြေ၊ မျိုးစေ့နှင့် ပိုးမွှားဓါတ်ခွဲခန်းများ စတင်ဖွင့်လှစ်

နယ်စပ်မြို့ တာချီလိတ်တွင် စိုက်ပျိုးရေးဌာန၏ မြေ၊ မျိုးစေ့နှင့် ပိုးမွှားဓါတ်ခွဲခန်းများ စတင်ဖွင့်လှစ်
မတ် 2, 2020
By Tachileik News Agency
နယ်စပ်မြို့ တာချီလိတ်တွင် စိုက်ပျိုးရေးဌာန၏ မြေ၊ မျိုးစေ့နှင့် ပိုးမွှားဓါတ်ခွဲခန်းများ စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြေအသုံးချရေး၊ သီးနှံကာကွယ်ရေးနှင့် မျိုးစေ့ဓါတ်ခွဲခန်းများကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂)ရက်နေ့၌ ကျရောက်သည့် (၅၈)ကြိမ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် စတင်ဖွင့်လှစ်လိုက်သည်။

“အခုဓါတ်ခွဲခန်းတွေက မြေ၊ မျိုး၊ ပိုးစစ်လို့ရသွားမှာပေါ့။ မြေကြီးနဲ့ပတ်သက်ရင် PH ဘယ်လောက်ရှိတယ်။ နိုက်ထရိုဂျင်ဘယ်လောက်ရှိတယ် အဲဒါတွေ ဓါတ်ခွဲလို့ ရသွားမယ်။ မြေကြီးအပြင် မြေသြဇာဆိုရင် သူတို့ရေးထားတဲ့အတိုင်း ဓါတ်ခွဲလို့ရသွားတာပေါ့။ မျိုးစေ့နဲ့ပတ်သက်ရင်လည်း မျိုးစေ့သန့်စင်မှုကို ဓါတ်ခွဲစစ်လို့ရသွားမယ်။ နောက်ပိုးဆိုရင်လည်း သီးနှံမှာကျရောက်နေတာ ပိုးကြောင့်လား၊ ရောဂါကြောင့်လား စတာတွေ စစ်ဆေးလို့ရသွားမှာပေါ့”ဟု တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဦးလွှမ်းမိုးသူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြေမျိုးပိုးဓါတ်ခွဲခန်းများကို ရှမ်းပြည်နယ်အတွင်း (၃)ခု တည်ဆောက်ထားပြီး ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တို့တွင် တည်ဆောက်ထားခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးရုံးဝင်းတွင် တည်ဆောက်ထားသည့် ဓါတ်ခွဲခန်းများ ဖွင့်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဒေသခံ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသား တောင်သူလယ်သမားများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
ဓါတ်ပုံ - စိုက်ပျိုးရေး

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~