တာချီလိတ်တွင် အမျိုးသားတစ်ဉီးအား ဘိန်းဖြူများဖြင့် ဖမ်းဆီးရမိ

တာချီလိတ်တွင် အမျိုးသားတစ်ဉီးအား ဘိန်းဖြူများဖြင့် ဖမ်းဆီးရမိ
ဧပြီ 15, 2020
By Tachileik News Agency
တာချီလိတ်တွင်  အမျိုးသားတစ်ဉီးအား ဘိန်းဖြူများဖြင့် ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးမှုများ ပြုလုပ်စဉ် ရပ်တန့်ခြင်းမပြုလုပ်ဘဲ ယာဉ်အား ဝင်တိုက်ပြီး ထွက်ပြေးရန်ကြိုးစား၍ ပိတ်ဆို့ ဖမ်းဆီးရာမှ ဘိန်းဖြူဘလောက်တုံးများ နှင့်အတူ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် ၂၀၂၀ခုနှစ် ဧပြီလ(၁၄)ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ သန်းကျော်ဇော (ခ) တူးတူး မောင်းလာသည့် မော်တော်ကားအား စစ်ဆေးရန်အတွက် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ ပူးပေါင်းအဖွဲ့ မောင်းလာသည့် မော်တော်ယာဉ်အား ဝင်တိုက်ပြီး မောင်းနှင်ထွက်ပြေးရန် ကြိုးစားသည့်အတွက် ပိတ်ဆို့ဖမ်းဆီးရာမှ မူးယစ်ဆေးဝါးများကိုပါ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မော်တော်ယာဉ်၏ အတွင်းအား ရှာဖွေစစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်များဖြင့် ထည့်ထားသည့် ဘိန်းဖြူဘလောက်တုံး စုစုပေါင်း (၄၀)တုံးကို တွေ့ရှိ သိမ်းဆည်းရမိ၍ တာချီလိတ်မြို့မ ရဲစခန်းတွင် သန်းကျော်ဇော(ခ)တူးတူး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ဖော်ထုတ်ရမိရေးအတွက် စစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~