ကွတ်ခိုင်လမ်းမများတွင် Gen Z အယောင်ဆောင် ရေးသားထားသည့်စာရွက်များ ဖြန့်ဝေထား

ကွတ်ခိုင်လမ်းမများတွင် Gen Z အယောင်ဆောင် ရေးသားထားသည့်စာရွက်များ ဖြန့်ဝေထား
ဧပြီ 16, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့လမ်းများတွင် Gen Z အယောင်ဆောင်ကာ ရေးထားသည့် စာရွက်များ ဖြန့်ဝေထားသည်ကို ၂၀၂၁ ခုနှစ် ဧပြီလ (၁၆)ရက်နေ့ နံနက်ပိုင်းက တွေ့ရသည်ဟု ဒေသခံများထံမှ သိရသည်။



" အလကားပါဗျာ။ မနက်အစောကတည်းက ဘယ်သူတွေ လမ်းမပေါ်  ဖြန့်ကြဲထားခဲ့လဲ မသိဘူး။ ဖတ်ကြည့်လိုက်တော့ အာဘော် က အသိသာကြီးပဲ ဥစ္စာ"ဟု ဒေသခံတစ်ဦးက ပြောသည်။



အာဏာသိမ်းစစ်တပ်က ပြည်သူလူထုကြား သတင်းစီးဆင်းမှု ပြတ်တောက်စေရန် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည့်အတွက် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများက သတင်းစာစောင်များ ဖြန့်ဝေမှုလုပ်ဆောင်လာကြရာ Gen Z အယောင်ဆောင်ရေးထားသည့် စာများကို ဒေသအသီးသီးတွင် လိုက်လံဖြန့်ဝေမှုများကို တွေ့လာရခြင်းဖြစ်သည်။