ေက်ာက္မဲၿမိဳ႕ရွိ အိုရီယမ္တယ္တိုးဂိတ္တြင္ ေဖာက္ခြဲေရးသံုး ပစၥည္း ဒီတိုေနတာမ်ား ဖမ္းဆီးရမိ

ေက်ာက္မဲၿမိဳ႕ရွိ အိုရီယမ္တယ္တိုးဂိတ္တြင္ ေဖာက္ခြဲေရးသံုး ပစၥည္း ဒီတိုေနတာမ်ား ဖမ္းဆီးရမိ
စက်တင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပုိင္း) ေက်ာက္မဲၿမိဳ႕၊ အိုရီယမ္တယ္တိုးဂိတ္တြင္ လားရႈိးဘက္မွ မႏၲေလးၿမိဳ႕ဘက္သို႔ ဒီတိုေနတာ (၁၆၄,၅၀၀) သယ္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ယာဥ္ေမာင္း၊ ယာဥ္ ေနာက္လုိက္ တုိ႔ႏွင့္ အတူ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၄) ရက္ေန႔၊ ည(၁၁)နာရီခြဲေက်ာ္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ယာဥ္ေမာင္း ေဇာ္ျမင့္သိန္း ေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ ျမင့္ေဇာ္ဦး လိုက္ပါလာသည့္ (၆)ဘီးယာဥ္ တစ္စီးကို ေက်ာက္မဲခ႐ိုင္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ တပ္မေတာ္သားမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕က အိုရီယမ္တယ္ တိုးဂိတ္တြင္ စစ္ေဆးရာ ဒီတိုေနတာ (ႀကိဳးပါ)မ်ား ထည့္သြင္းထားသည့္ ပီနံအိတ္ (၃၀) လုံးကို စစ္ေဆး ေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ဒီတိုေနတာမ်ား သယ္ေဆာင္လာသည့္ ေဇာ္ျမင့္သိန္းႏွင့္ ျမင့္ေဇာ္ဦးတို႔ကို ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၃၅၇/၂၀၁၈၊ ရွမ္းလက္နက္ပုဒ္မ ၁၂(က)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အိုရီယမ်တယ်တိုးဂိတ်တွင် လားရှိုးဘက်မှ မန္တလေးမြို့ဘက်သို့ ဒီတိုနေတာ (၁၆၄,၅၀၀) သယ်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ယာဉ်မောင်း၊ ယာဉ် နောက်လိုက် တို့နှင့် အတူ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ ည(၁၁)နာရီခွဲကျော်က ဖမ်းဆီးရမိကြောင်း သိရသည်။

ယာဉ်မောင်း ဇော်မြင့်သိန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် မြင့်ဇော်ဦး လိုက်ပါလာသည့် (၆)ဘီးယာဉ် တစ်စီးကို ကျောက်မဲခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ပါဝင်သော ပူးပေါင်းအဖွဲ့က အိုရီယမ်တယ် တိုးဂိတ်တွင် စစ်ဆေးရာ ဒီတိုနေတာ (ကြိုးပါ)များ ထည့်သွင်းထားသည့် ပီနံအိတ် (၃၀) လုံးကို စစ်ဆေး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဒီတိုနေတာများ သယ်ဆောင်လာသည့် ဇော်မြင့်သိန်းနှင့် မြင့်ဇော်ဦးတို့ကို ကျောက်မဲမြို့မ ရဲစခန်းတွင် (ပ) ၃၅၇/၂၀၁၈၊ ရှမ်းလက်နက်ပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~