ကားဘီး ရႊံ႕ကာၾကား ေက်ာက္စိမ္း (၂၈၅)တံုးဝွက္၍ သယ္လာသူႏွစ္ဦးကို ေက်ာက္မဲၿမိဳ႕တြင္ ဖမ္းမိ

ကားဘီး ရႊံ႕ကာၾကား ေက်ာက္စိမ္း (၂၈၅)တံုးဝွက္၍ သယ္လာသူႏွစ္ဦးကို ေက်ာက္မဲၿမိဳ႕တြင္ ဖမ္းမိ
မေ 26, 2019
By 🌸
ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းေပၚရိွ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ Oreintal Highway တိုးဂိတ္တြင္ ေက်ာက္စိမ္းတံုးမ်ား ေမာ္ေတာ္ယာဥ္တစ္စီးျဖင့္ တရားမဝင္သယ္လာသည့္ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ေမလ (၂၆)ရက္ေန႔ နံနက္အေစာပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေနာင္ခ်ိဳဘက္မွ သီေပါဘက္သို႔ ေမာင္းႏွင္လာသည့္ အိမ္စီးယာဥ္ငယ္တစ္စီးကို ရဲတပ္ဖြဲ႕ဦးေဆာင္သည့္ ပူးေပါင္းအဖြဲ႕က စစ္ေဆးရာ ေမာ္ေတာ္ယာဥ္၏ေရွ႕ဘီး ရႊံ႕ကာအၾကားတြင္ ဝွက္၍သယ္လာသည့္ ေက်ာက္စိမ္းတံုး (၂၈၅)တံုးကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္စိမ္းမ်ားကို တရားမဝင္သယ္လာသည့္ ခြန္ဥာဏ္ဝင္းႏွင့္ ဇာလီေအာင္တို႔အား ေက်ာက္မဲၿမိဳ႕မစခန္းတြင္ (ပ )၉၈/ ၂၀၁၉ ၊ ဥပေဒပုဒ္ ၄၂ (က) ျဖင့္ အမႈဖြင့္စစ္ေဆးေနၿပီး ေက်ာက္စိမ္းႏွင့္ သယ္လာသည့္ေမာ္ေတာ္ယာဥ္တုိ႔ကို သိမ္းဆည္းထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - ေစာမင္းၾကဴ

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကားဘီး ရွှံ့ကာကြား ကျောက်စိမ်း (၂၈၅)တုံးဝှက်၍ သယ်လာသူနှစ်ဦးကို ကျောက်မဲမြို့တွင် ဖမ်းမိ
**************
မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ Oreintal Highway တိုးဂိတ်တွင် ကျောက်စိမ်းတုံးများ မော်တော်ယာဉ်တစ်စီးဖြင့် တရားမဝင်သယ်လာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ၂၀၁၉ ခုနှစ်၊ မေလ (၂၆)ရက်နေ့ နံနက်အစောပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

နောင်ချိုဘက်မှ သီပေါဘက်သို့ မောင်းနှင်လာသည့် အိမ်စီးယာဉ်ငယ်တစ်စီးကို ရဲတပ်ဖွဲ့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရာ မော်တော်ယာဉ်၏ရှေ့ဘီး ရွှံ့ကာအကြားတွင် ဝှက်၍သယ်လာသည့် ကျောက်စိမ်းတုံး (၂၈၅)တုံးကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်စိမ်းများကို တရားမဝင်သယ်လာသည့် ခွန်ဉာဏ်ဝင်းနှင့် ဇာလီအောင်တို့အား ကျောက်မဲမြို့မစခန်းတွင် (ပ )၉၈/ ၂၀၁၉ ၊ ဥပဒေပုဒ် ၄၂ (က) ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ကျောက်စိမ်းနှင့် သယ်လာသည့်မော်တော်ယာဉ်တို့ကို သိမ်းဆည်းထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - စောမင်းကြူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net