ထိုင်းနိုင်ငံတွင် Covid-19 ကို ထိရောက်စွာ မထိန်းချုပ်နိုင်ပါက နေ့စဉ် သောင်းနှင့်ချီ တိုးလာနိုင်ဖွယ်ရှိကြောင်း ထိုင်းကျန်းမာရေးပညာရှင်များ ခန့်မှန်း တွက်ချက်ထား

ထိုင်းနိုင်ငံတွင် Covid-19 ကို ထိရောက်စွာ မထိန်းချုပ်နိုင်ပါက နေ့စဉ် သောင်းနှင့်ချီ တိုးလာနိုင်ဖွယ်ရှိကြောင်း ထိုင်းကျန်းမာရေးပညာရှင်များ ခန့်မှန်း တွက်ချက်ထား

ထိုင်းနိုင်ငံတွင် Covid-19 ထိန်းချုပ်ရေး ထိရောက်စွာ မလုပ်ပါက နေ့စဉ် အတည်ပြုလူနာ ၂၈,၀၀၀ ကျော် တိုးလာဖွယ်ရှိသည်ဟု ကျန်းမာရေးပညာရှင်များ ခန့်မှန်းတွက်ချက်ထား

ထိုင်းနိုင်ငံအနေဖြင့် လက်ရှိ Covid-19 ဖြစ်ပွားမှုမြင့်နေသည့် ဒေသများတွင် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်မလုပ်ပါက လာမည့်လအတွင်း နေ့စဉ် လူနာသစ် (၂၈,၀၀၀) ကျော် တိုးလာဖွယ်ရှိသည်ဟု ကျန်းမာရေးပညာရှင်များက ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့က သတိပေးထားသည်။

ထိုင်းနိုင်ငံတွင် ဧပြီလ (၁၁) ရက်နေ့ တစ်နေ့တာအတွင်း အတည်ပြုလူနာသစ် (၉၆၇) ဦးတွေ့ရသဖြင့် (၂၄)နာရီအတွင်း အတည်ပြုလူနာသစ်တွေ့ရှိမှုအများဆုံးဖြစ်လာပြီးနောက် ထိုင်း Covid-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က သတိပေးလိုက်ခြင်းဖြစ်သည်။

ကျန်းမာရေးပညာရှင်များ၏ ခန့်မှန်းတွက်ဆချက်အရ Covid-19 ထိန်းချုပ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်မလုပ်နိုင်ပါက နေ့စဉ်နှင့်အမျှ အတည်ပြုလူနာ ၂၈,၀၀၀ ကျော်အထိ အများဆုံး တိုးလာနိုင်မည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့် (၉,၁၄၀) ဦး တိုးလာဖွယ်ရှိသည်ဟု တွက်ချက်ရရှိထားကြောင်း သိရသည်။

ဘန်ကောက်မြို့တွင် ဧပြီလ (၁၀) ရက်နေ့ တစ်နေ့တာအတွင်း တွေ့ရသည့် အတည်ပြုလူနာ (၁,၁၁၄)ဦးအနက် (၈၂၃)ဦးမှာ ညပိုင်းဖျော်ဖြေရေးနေရာများမှ ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

ဘန်ကောက်တွင် အဆိုပါ အတည်ပြုလူနာများနှင့် ဆက်စပ်သည့် ကလပ်၊ဘားနေရာပေါင်း (၁၄၀)ကျော်ရှိနေပြီး ညပိုင်းဖျော်ဖြေရေးနေရာများသည် Covid-19 ပြန့်ပွားရာနေရာများဖြစ်လာရာ နိုင်ငံအတွင်း ခရိုင်ပေါင်း (၇၀) အထိ ပြန့်နှံ့နေသည်ဟု ဆိုသည်။

လက်ရှိတွင် ခရိုင် (၄၁) ခု၌ ညပိုင်းဖျော်ဖြေရေးလုပ်ငန်းများအားလုံး နှစ်ပတ်ကြာပိတ်လိုက်ပြီး ခရိုင်အချို့တွင် သင်္ကြန်ပွဲတော်များ မကျင်းပတော့ရန် ဆုံးဖြတ်ထားခြင်းဖြစ်သည်။

source: Bangkok Post