တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ ကျိုင်းတုံ၌ (၁၁)ဦးထပ်တိုး၍ တာချီလိတ်နှင့်ကျိုင်းတုံတွင် စုစုပေါင်း (၂၂၃)ဦး ရှိလာတာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ ကျိုင်းတုံ၌ (၁၁)ဦးထပ်တိုး၍ တာချီလိတ်နှင့်ကျိုင်းတုံတွင် စုစုပေါင်း (၂၂၃)ဦး ရှိလာ

တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ ကျိုင်းတုံ၌ (၁၁)ဦးထပ်တိုး၍ တာချီလိတ်နှင့်ကျိုင်းတုံတွင် စုစုပေါင်း (၂၂၃)ဦး ရှိလာတာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ ကျိုင်းတုံ၌ (၁၁)ဦးထပ်တိုး၍ တာချီလိတ်နှင့်ကျိုင်းတုံတွင် စုစုပေါင်း (၂၂၃)ဦး ရှိလာ
ဧပြီ 21, 2020
By Tachileik News Agency
တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာနှင့် ထိတွေ့သူ ကျိုင်းတုံ၌ (၁၁)ဦးထပ်တိုး၍ တာချီလိတ်နှင့်ကျိုင်းတုံတွင် စုစုပေါင်း (၂၂၃)ဦး ရှိလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒုတိယမြောက်အတည်ပြုလူနာ (Case 112) ဖြစ်သူ သွားရောက်ခဲ့သည့် ကျိုင်းတုံမြို့မှ နာရေး၌ ထိတွေ့မှုရှိသူ (၁၁)ဦးထပ်တွေ့ရ၍ အသွားအလာကန့်သတ် စောင့်ကြည့်ရမည့်သူ (၂၂၃)ဦးအထိ တိုးလာပြီဖြစ်သည်။

တိုင်းနေနာရေးကူညီမှုအသင်းကလူတွေ ထပ်တိုးလာတာ။ သူတို့က အသုဘမှာ ဝိုင်းလုပ်ပေးကြတော့ နာရေးကူညီပေးကြတော့ အဲဒီ နာရေးမှာ ထိတွေ့သူ စုစုပေါင်း (၆၈) ယောက်ဖြစ်သွားတာပေါ့

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၁)ရက်နေ့တွင် ပြောသည်။

အတည်ပြုလူနာ (Case 112) ဖြစ်သည့် ကျန်းမာရေးဝန်ထမ်းသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၉)ရက်နေ့မှ ဧပြီလ (၁၂)ရက်နေ့အထိ ခရိုင်ပြည်သူ့ဆေးရုံတွင် ဂျူတီဆင်းရာ အတူတာဝန်ထမ်းဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း (၉) ဦးနှင့် အဆိုပါ (၃)ရက်အတွင်း ထိတွေ့ခဲ့သည့် အတွင်းလူနာ (၂၇)ဦး၊  ပြင်ပ သားဖွားမီးယပ်အထူးကုဆေးခန်းတွင် အလုပ်လုပ်ခဲ့သည့် ဧပြီလ (၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် ထိတွေ့ခဲ့သူလူနာ (၉၁)ဦး၊ အတည်ပြုလူနာ ကျန်းမာရေးဝန်ထမ်း၏ မိသားစုဝင် (၄)ဦး၊ ကျိုင်းတုံမြို့ ယန်းလောကျေးရွာတွင် နာရေးသွားခဲ့စဉ်က အနီးကပ်ထိတွေ့သူ (၂၄)ဦးနှင့် နာရေးလာသူ (၆၈)ဦးတို့ကို Quarantine ထားရှိကာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာအား အသွားအလာ ကန့်သတ်ခြင်းမပြုမီ ဧပြီလ (၁၃)ရက်နေ့က ကျိုင်းတုံမြို့ ယန်းလူးကျေးရွာသို့ နာရေးတစ်ခုသွားခဲ့ရာ ထိတွေ့ခဲ့သူစုစုပေါင်း (၉၂) ဦးအထိရှိသဖြင့် အဆိုပါကျေးရွာကို အသွားအလာကန့်သတ်မည်ဖြစ်သည့်အပြင် တာချီလိတ်တွင်လည်း အတည်ပြုလူနာနေထိုင်ရာ ဝန်ထမ်းအိမ်ရာနှင့် အတည်ပြုလူနာ၏မိခင်နေအိမ်အနီးဝန်းကျင်များကိုလည်း အသွားအလာ ကန့်သတ်ထားခြင်းဖြစ်သည်။

တာချီလိတ်တွင် အတည်ပြုလူနာ (Case 96) နှင့် ထိတွေ့မိ၍ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန် (၁၀) ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၆) ဦးကို ဧပြီလ (၁၉) ရက်နေ့ကတည်းက အသွားအလာကန့်သတ်ထားပြီး ပထမအကြိမ် ဓါတ်ခွဲနမူနာရယူစစ်ဆေးရာတွင် အတည်ပြုလူနာ (Case 112) ကို‌တွေ့ရသဖြင့် နောက်ထပ် ကျန်းမာရေးဝန်ထမ်း (၁၀)ဦး ထပ်တိုး၍ အသွားအလာကန့်သတ်ထားရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အတည်ပြုလူနာ (၃)ဦးလုံးကို ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~