နိုင်ငံအတွင်း အောက်တိုဘာလ(၂၂)ရက်နေ့ တစ်နေ့တည်းတွင် Covid-19 အတည်ပြုလူနာ (၂,၂၇၉)ဦး ဆေးရုံဆင်းခွင့်ရ

နိုင်ငံအတွင်း အောက်တိုဘာလ(၂၂)ရက်နေ့ တစ်နေ့တည်းတွင် Covid-19 အတည်ပြုလူနာ (၂,၂၇၉)ဦး ဆေးရုံဆင်းခွင့်ရ
အောက်တိုဘာ 22, 2020
By Tachileik News Agency

နိုင်ငံအတွင်း အောက်တိုဘာလ(၂၂)ရက်နေ့ တစ်နေ့တည်းတွင်  Covid-19 အတည်ပြုလူနာ (၂,၂၇၉)ဦး ဆေးရုံဆင်းခွင့်ရ

နိုင်ငံအတွင်း ဒေသအသီးသီးမှ Covid-19 ဓါတ်ခွဲနမူနာများကို စစ်ဆေးရာက အောက်တိုဘာလ(၂၂)ရက်နေ့တွင် အတည်ပြုလူနာ (၁,၃၁၂)ဦး ထပ်တိုးပြီး သေဆုံးသူ (၃၃)ဦး ထပ်တိုးသော်လည်း တစ်နေ့တည်းတွင် ဆေးရုံဆင်းခွင့်ရသူ (၂၀၀၀)ကျော်အထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားရှိသည်။

၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့မှ အောက်တိုဘာလ(၂၂)ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း၌ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၄၁,၀၀၈)ဦး ရှိလာသည်အနက် သေဆုံးသူ စုစုပေါင်းမှာလည်း (၁,၀၀၅)ဦးအထိ ရှိနေပြီဖြစ်သည်။

အောက်တိုဘာလ(၂၂)ရက်နေ့တွင် အသစ်ထပ်တိုးသည့် သေဆုံးသူ (၃၃)ဦးတွင် (၃၀)ဦးမှာ ရောဂါအခံရှိသူများ ဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာများထဲမှ လက်ရှိတွင် ဆေးရုံမှ ဆင်းခွင့်ရသွားကြသူ စုစုပေါင်း (၂၁,၁၄၄)ဦးအထိရှိသည် အတွက် ဒေသအသီးသီးတွင် ဆေးဝါးကုသမှုခံယူနေသူ စုစုပေါင်း (၁၈,၈၅၉)ဦး ကျန်ရှိနေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~