တာချီလိတ်မြို့ ကိုးထပ်ဟိုတယ်အတွင်းသို့ ဆိုင်ကယ်ဖြင့် မောင်းဝင်ပြေးလာသည့် လူငယ်အား ရဲက လိုက်ဖမ်းရာ သေနတ်နှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ ကိုးထပ်ဟိုတယ်အတွင်းသို့ ဆိုင်ကယ်ဖြင့် မောင်းဝင်ပြေးလာသည့် လူငယ်အား ရဲက လိုက်ဖမ်းရာ သေနတ်နှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ မဲခေါင်မြစ်(ကိုးထပ်)ဟိုတယ်သို့ ဆိုင်ကယ်ဖြင့် မောင်းပြေးဝင်လာသည့် လူငယ်တစ်ဦး အား ရဲက ယနေ့ မတ်လ(၃၁)ရက်နေ့ ည(၁၁)နာရီဝန်းကျင်အချိန်က လိုက်လံ ဖမ်းဆီးစစ်ဆေးရာ သေနတ်နှင့်အတူ ဖမ်းမိကြောင်းသိရသည်။

"ဆိုင်ကယ်တစ်စီးက ဟိုတယ်ထဲကို ဝင်သွားတာ အနောက်ကနေ လိုက်ဖမ်းတာ။ ဆိုင်ကယ်ကို စစ်ကြည့်လိုက်တော့ တူးဘောက်ထဲမှာ သေနတ်နှစ်လက်တွေ့တယ်။"ဟု မြင်တွေ့ရသူ တစ်ဦးက ပြောသည်။

ဆိုင်ကယ်တစ်စီးမှာ ဟိုတယ်တွင်းသို့ မောင်းဝင်လာပြီးနောက် အနောက်မှ ရဲကားကလည်း လိုက်လာပြီး ဖမ်းဆီးစစ်ဆေးရာမှ လက်နက်ကိုပါ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ညတွင် ရဲကား အချုပ်ကားများမှ တာချီလိတ်မြို့ပေါ်တွင် လှည့်လည်နေရင်း ည(၁၀)နာရီဝန်းကျင်အချိန်က အာခါဈေးလမ်းတွင် ဆိုင်ကယ်စီးလာသည့် လူငယ်(၂)ဦး ဖမ်းဆီးခံရကြောင်းလည်း သိရသည်။