ကျောက်မဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌ၏ နေအိမ်ကို ပစ်သည့်ကျည်ဟုယူဆရသည့် ကျည်ခွံ(၂)ခုကို နေအိမ်အနီးတွင် ထပ်မံတွေ့ရှိ

ကျောက်မဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌ၏ နေအိမ်ကို ပစ်သည့်ကျည်ဟုယူဆရသည့် ကျည်ခွံ(၂)ခုကို နေအိမ်အနီးတွင် ထပ်မံတွေ့ရှိ
နိုဝင်ဘာ 15, 2020
By 🌸
ကျောက်မဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌ၏ နေအိမ်ကို ပစ်သည့်ကျည်ဟုယူဆရသည့် ကျည်ခွံ(၂)ခုကို နေအိမ်အနီးတွင် ထပ်မံတွေ့ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက် အစောပိုင်းက သေနတ်ဖြင့် လာပစ်ခံရသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ၏ နေအိမ်နှင့် ကိုက် (၁၅၀) ခန့် အကွာတွင် AK 47 ကျည်ခွံဟု ယူဆရသည့် ကျည်ခွံ (၂) ခု တွေ့ရှိထားသည်ဟု သိရသည်။
ကျောက်မဲမြို့ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ (၁၀)၊ ဘောလုံးကွင်းလမ်းရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၏ နေအိမ်ကို နံနက် (၁)နာရီမထိုးမီအချိန်က သေနတ်ဖြင့် ပစ်ခံရ၍ နေအိမ်မှန် ကွဲသွားသော်လည်း လူထိခိုက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား နံနက်ပိုင်းက စစ်ဘက်ဆိုင်ရာ လုံခြုံရေးအထူးတပ်၊ ခွဲ ( ၁ ) စု ( ၃ ) နှင့် ကျောက်မဲမြို့မရဲတပ်ဖွဲ့တို့က စစ်ဆေးရာ လက်နက်ငယ်ကျည်တွင် ပါဝင်သည်ဟု ယူဆရသော သံ အပိုင်းအစတစ်ခုကိုသာ တွေ့ရှိထားခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်၌ ဆက်လက်ရှာဖွေစစ်ဆေးရာမှ ကျည်ခွံကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးစုံစမ်းခြင်းကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~