တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည်ဟု ဆိုကာ အမျိုးသား(၃)ဦးကို   ဖမ်းဆီး ခေါ်ဆောင်သွား

ဖမ်းဆီးခံရသူ  ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်
ဖမ်းဆီးခံရသူ ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်
တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည်ဟု ဆိုကာ အမျိုးသား(၃)ဦးကို   ဖမ်းဆီး ခေါ်ဆောင်သွား
ဖေဖော်ဝါရီ 20, 2021 | မှုခင်းသတင်း| ရှမ်းရှေ့

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သည်ဟု ဆိုကာ အမျိုးသား(၃)ဦးကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နေ့လည်ပိုင်းက  ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့တွင်း၌ ဆိုင်ကယ်စီးလာသည့် လူငယ်အား  ဖမ်းဆီးခေါ်ဆောင်ရာတွင် ဖမ်းဆီးခံရသည့် လူငယ်မှာ အော်၍ ပါးစပ်ပိတ်ကာ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မြင်တွေ့ရသူ တစ်ဦးက ပြောပြသည်။

ဖမ်းဆီးခံရသူများမှာ ဆိုင်ကယ်မောင်းလာသည့် လူငယ်တစ်ဦးနှင့် ယနေ့ ဆန္ဒထုတ်ဖော်ရာတွင် ယာဉ်ဖြင့်လိုက်ပါကာ လော်စပီကာဖြင့် အော်သူ (၂)ဦး စုစုပေါင်း (၃)ဦးတို့ဖြစ်ကြောင်းသိရသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်သည့် သတင်းကို ကြားသိရသည့် လူငယ်များက နေ့လည်(၁)နာရီကျော်အချိန်တွင် တာချီလိတ်မြို့မရဲစခန်းသို့ သွားရောက်ကာ ပြန်လွှတ်ပေးရန် တောင်းဆိုသည့်အတွက် ရဲစခန်းတွင်မရှိကြောင်း ရဲတပ်ဖွဲ့က ပြောလာခြင်းကြောင်း လူငယ်များမှ စရဖရုံးတည်ရှိရာ အထက(ဟောင်လိတ်)အနီးသို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။

စစ်တပ်မှ ဖမ်းဆီးရမိသူများကို ကျိုင်းတုံအကျဉ်းထောင်သို့ ချက်ချင်းပို့ဆောင်လေ့ရှိသည်။



Tachileik News Agency