ရှမ်းပြည်နယ်အတွင်း ညဈေး အပါအဝင် KTV, Night Club, Bar တွေကို ဆက်လက် ပိတ်ထားမည်

ရှမ်းပြည်နယ်အတွင်း ညဈေး အပါအဝင် KTV, Night Club, Bar တွေကို ဆက်လက် ပိတ်ထားမည်
မေ 28, 2020
By Tachileik News Agency
ရှမ်းပြည်နယ်အတွင်း ညဈေး အပါအဝင် KTV, Night Club, Bar တွေကို ဆက်လက် ပိတ်ထားမည်

ရှမ်းပြည်နယ်အတွင်း Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် စားသောက်ဆိုင်များကို ပိတ်ထားရာကနေ ဇွန်လ(၁)ရက်နေ့က စပြီး covid-19 ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ချက်များကို လိုက်နာတဲ့ စားသောက်ဆိုင်များကို ဖွင့်ခွင့်ပေးမှာ ဖြစ်ပေမဲ့လည်း ညဈေးအပါအဝင် KTV တွေ နိုက်ကလပ်တွေနဲ့ ဘားတွေကိုတော့ ဖွင့်ခွင့်ပေးမှာ မဟုတ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်အတွင်း စားသောက်ဆိုင်တွေ၊ ဟိုတယ်နဲ့တည်းခိုရိပ်သာတွေ နေ့ဘက်ဈေးတွေ အပါအဝင် ယာဉ်လိုင်းတွေကို   covid ကာကွယ်ရေး သတ်မှတ်ချက်များအတိုင်း လိုက်နာသူတွေကို ဇွန်လ(၁)ရက်နေ့က စပြီးလုပ်ကိုင်ခွင့် ပြုလိုက်ပြီး ညဈေးအပါအဝင် KTV တွေ Night Club တွေနဲ့ Bar တွေကို ဆက်လက်ပိတ်ထားဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ၂၀၂၀ခုနှစ် မေလ(၂၈)ရက်နေ့မှာ ကျင်းပ ပြုလုပ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~