တာချီလိတ်မြို့တွင် ရပ်ကွက်အလိုက် ဧည့်စာရင်းစစ်ဆေးမှု မတ်လ(၉)ရက်နေ့ ည စမည်

တာချီလိတ်မြို့တွင် ရပ်ကွက်အလိုက် ဧည့်စာရင်းစစ်ဆေးမှု မတ်လ(၉)ရက်နေ့ ည စမည်
မတ် 9, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဧည့်စာရင်းစစ်ဆေးခြင်းကို ယနေ့ မတ်လ(၉)ရက်နေ့က စ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။



"ဧည့်စာရင်းကတော့ စစ်ဖို့ ပြောထားတယ် မြို့နယ်မှူးက။ ဒီနေ့ စစ်မယ်၊ ရပ်ကွက်တွေနဲ့တော့ ချိတ်ထားပါတယ်။ အကုန်လုံးတော့ မစစ်နိုင်သေးဘူးထင်တယ်။ ရပ်ကွက်အလိုက်စစ်သွားမယ်လို့ ထင်ပါတယ်။"ဟု မြို့နယ်အဆင့် တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေးဂျင်စီသို့ မတ်လ(၉)ရက်နေ့ ညနေပိုင်းက ပြောသည်။

နေအိမ်အခန်းငှားများတွင် နေထိုင်သူများအနေဖြင့် မှတ်ပုံတင် မူရင်းနှင့်မိတ္တူယူဆောင်၍ မိမိတို့ လက်ရှိနေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဧည့်စာရင်းတိုင်ကြားနိုင်မည်ဖြစ်ပြီး ဧည့်စာရင်းတိုင်ကြားရာတွင်လည်း ငွေကြေးပေးရန်မလိုအပ်ကြောင်း သိရသည်။



ဧည့်စာရင်းစစ်ရာတွင် သတ်မှတ်ရပ်ကွက်အလိုက် စစ်ဆေးမှုများ လုပ်ဆောင်မည်ဟု သိရသော်လည်း မည်သည်နေ့တွင် မည်သည့်ရပ်ကွက်ကို စစ်ဆေးမည်ကိုတော့ မသိရသေးပေ။



Tachileik News Agency