ဟော်နန်း အစားထိုး ကျိုင်းတုံဟော်နန်းပုံစံတူတည်ဆောက်ရေး အုတ်မြစ်ချ အခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့

 ကျိုင်းတုံဟော်နန်းပုံစံတူ
ကျိုင်းတုံဟော်နန်းပုံစံတူ
ဟော်နန်း အစားထိုး ကျိုင်းတုံဟော်နန်းပုံစံတူတည်ဆောက်ရေး အုတ်မြစ်ချ အခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့
ဖေဖော်ဝါရီ 18, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ နောင်တုံကန်အနီးတွင် ကျိုင်းတုံဟော်နန်းပုံစံတူကို အစားထိုး တည်ဆောက်ရန်အတွက် အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အုတ်မြစ်ချ အခမ်းအနားသို့ တက်ရောက်ကာ အုတ်မြစ်ချသည်ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်က ပြုလုပ်ခြင်းဖြစ်ပြီး အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အဖွဲ့ တက်ရောက်ကြောင်း သိရသည်။

 

 

ကျိုင်းတုံမြို့၏ အထင်ကရဖြစ်သည့် ဟော်နန်းကို စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)  စစ်အစိုးရက ၁၉၉၁ ခုနှစ် နိုဝင်ဘာ (၉)ရက် နံနက်(၇)နာရီ(၄၁)မိနစ်က မိုင်းခွဲဖြိုချဖျက်ဆီးခဲ့ပြီး ဟော်နန်းနေရာအား ကျိုင်းတုံဟိုတယ်အဖြစ် အစားထိုးတည်ဆောက်ကာ ပုဂ္ဂလိက ကုမ္ပဏီနှစ်ခုကို  နှစ် (၇၀)ငှားရမ်းပေးထားကြောင်း သိရသည်။