မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ ပတ်စပိုစ့်ဖြင့် ပြန်လာမည့် မြန်မာလုပ်သားများကို မတ်လ(၂၅)ရက်နေ့ ညနေပိုင်းအထိသာ ထိုင်းဘက်က နောက်ဆုံးထား လက်ခံလွှတ်ပေးမည်

မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ ပတ်စပိုစ့်ဖြင့် ပြန်လာမည့် မြန်မာလုပ်သားများကို မတ်လ(၂၅)ရက်နေ့ ညနေပိုင်းအထိသာ ထိုင်းဘက်က နောက်ဆုံးထား လက်ခံလွှတ်ပေးမည်
မတ် 24, 2020
By Tachileik News Agency
မယ်ဆိုင်ဘက်မှ တာချီလိတ်သို့  ပတ်စပိုစ့်ဖြင့် ပြန်လာမည့် မြန်မာလုပ်သားများကို မတ်လ(၂၅)ရက်နေ့ ညနေပိုင်းအထိသာ ထိုင်းဘက်က နောက်ဆုံးထား လက်ခံလွှတ်ပေးမည် 

တာချီလိတ် - မယ်ဆိုင် နှစ်နိုင်ငံချစ်ကြည်ရေးတံတား(၁) ပိတ်ထားသည့် ဒုတိယမြောက်နေ့ဖြစ်သည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့၌ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာလုပ်သားများကို လက်ခံထားသော်လည်း မတ်လ (၂၅)ရက်နေ့ ကျော်ပါက နယ်စပ်ဂိတ်မှ ဖြတ်သန်းခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

နှစ်နိုင်ငံ နယ်စပ်တံတားများကို စတင်ပိတ်လိုက်သည့် မတ်လ (၂၃)ရက်နေ့တွင် ပိတ်ထားသည့် နယ်စပ်ဂိတ်သို့ မြန်မာလုပ်သား (၂၀၀)ကျော် စုပြုံရောက်လာသဖြင့် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ တာဝန်ရှိသူများ ညှိနှိုင်းကာ တာချီလိတ်ဘက်သို့ ဝင်ခွင့်ပြုခဲ့ပြီး မတ်လ (၂၄)ရက်နေ့၌ မြန်မာလုပ်သား(၁၉၉)ဦး တာချီလိတ်ဘက်သို့ ထပ်မံဝင်လာပြီး တာချီလိတ်ဘက်ရှိ ထိုင်းနိုင်ငံသား (၂၃)ဦးကိုလည်း မယ်ဆိုင်ဘက်ပြန်ပို့ထားသည်။

ထိုင်းနိုင်ငံတွင်းသို့ တရားဝင် ပတ်စပိုစ့် ဗီဇာဖြင့် သွားရောက် နေထိုင် အလုပ်လုပ်ကိုင်သူများအနေဖြင့် မယ်ဆိုင်မှ တဆင့် တာချီလိတ်သို့ ပြန်လာမည်ဆိုပါ မယ်ဆိုင်ဘက်က ၂၀၂၀ခုနှစ် မတ်လ(၂၅)ရက်နေ့ ညနေ(၅)နာရီအထိ နောက်ဆုံးထား လွှတ်ပေးမည်ဖြစ်ပြီး နောက်နေ့များတွင် လွှတ်ပေးတော့မည်မဟုတ်ကြောင်း မယ်ဆိုင်ဘက် လ၀က မှ သိရသည်။

နက်ဖြန် (၂၅)ရက်နေ့ နံနက်(၇)နာရီကနေ ညနေ(၅)နာရီအထိပေါ့နော် သူတို့ စောင့်ပြီး လက်ခံပြီးတော့ ပြန်လွှတ်ပေးမယ်ပြောတယ်၊ နက်ဖြန်နောက်ဆုံးပဲ

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID - 19) အတည်ပြုလူနာ နေ့စဉ်တိုးလာနေသဖြင့် ရောဂါထိန်းချုပ်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ထိုင်းရှိ မြန်မာလုပ်သားများ နေရပ်မပြန်ကြရန်ကိုလည်း မြန်မာအလုပ်သမား သံအရာရှိရုံးက မေတ္တာရပ်ခံထားပြီး နေထိုင်ခွင့်သက်တမ်းတိုးခြင်းကိုလည်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~