တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ အခ်ဳိ႕ေသာ အမႈိက္ပံုမ်ားတြင္ ဖ်ားနာေသဆံုးသည့္ ၀က္အေသမ်ားကို လာေရာက္ စြန္႔ပစ္မႈမ်ား ဆက္လက္ရွိေန

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ အခ်ဳိ႕ေသာ အမႈိက္ပံုမ်ားတြင္ ဖ်ားနာေသဆံုးသည့္ ၀က္အေသမ်ားကို လာေရာက္ စြန္႔ပစ္မႈမ်ား ဆက္လက္ရွိေန
သြဂုတ် 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေက်းရြာအခ်ိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လမွစ၍  တစ္ပိုင္တစ္ႏုိင္ ေမြးျမဴသည့္ ဝက္မ်ား ေသဆံုးမႈျဖစ္ပြားေနသျဖင့္ ဝက္ေရာဂါမ်ား ျပန္႔ပြားျခင္းမရိွေစေရးအတြက္ စနစ္တက်စြန္႔ပစ္ရန္ ပညာေပးေဆာင္ရြက္ေနေသာ္လည္း စည္းကမ္းမဲ့စြန္႔ပစ္မႈမ်ား ရိွေနဆဲျဖစ္သည္ကို ေတြ႔ရသည္။

"ကြ်န္ေတာ္ ကီလိုလိုက္ေကာက္ခ်ိန္ အမႈိက္ပံုေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ေတြ႔ေနရတယ္။ တစ္ခ်ဳိ႕ အမႈိက္ပံုဆိုရင္ (၂)ေကာင္အနည္းဆံုးပဲ။ ဒီအမႈိက္ပံုမွာေတာ့ (၉)ေကာင္ ေတြ႔တယ္။ ဝက္ေမြးတဲ့ သူေတြကလည္းဗ်ာ လူငွားၿပီး ေျမျမႇဳပ္ခ နည္းနည္းပါးပါး ေပးလုိက္ရင္ ရတာကို အခုလို အမႈိက္ပံုေတြမွာ လာစြန္႔ထားေတာ့ မေကာင္းဘူးေပါ့ဗ်ာ"ဟု ကီလိုေကာက္သူ ကိုေအာင္ေနဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၄)ရက္ေန႔တြင္ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ဖန္မင္ေက်းရြာအုပ္စု၊ ပါ၀ုန္းေက်းရြာမွ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု ၀မ္ေဆာက္ခံုေက်းရြာသုိ႔ သြားရာလမ္းေဘးရွိ အမႈိက္ပံုတြင္ ဝက္အေသ (၉)ေကာင္ လာေရာက္စြန္႔ပစ္ထားသည္ကို ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၄)ရက္ေန႔တြင္ ေတြ႔ခဲ့ရေၾကာင္း သိရသည္။

စက္မႈဇုန္မွ ေဝေလွလန္သြားသည့္ လမ္းပိုင္းရွိ တံတားေဘးအမႈိက္ပုံႏွင့္ ေခ်ာင္းအတြင္း၌လည္း ဝက္အေသမ်ား လာေရာက္စြန္႔ပစ္ထားသည္ကို မၾကာခဏေတြ႔ရသည့္အျပင္ အခ်ဳိ႕ ေက်းရြာမ်ားရွိ အမႈိက္ပံုမ်ားတြင္လည္း  ဆာလာအိတ္မ်ားျဖင့္ ထည့္ကာ လာေရာက္ စြန္႔ပစ္ထားသည္မ်ားကိုလည္း ေတြ႔ရွိခဲ့ရသည္ဟု ၎က ဆိုသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ တာခ်ီလိတ္၊ မုိင္းျဖတ္ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္မ်ားတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လဆန္းမွစ၍ ဝက္အားနည္းေရာဂါေၾကာင့္ ဝက္မ်ားေသဆံုးမႈျဖစ္ေန၍ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဝန္ထမ္းမ်ားက ေန႔စဥ္ေက်းရြာမ်ားသို႔ ကြင္းဆင္း၍ ၿခံဖ်န္းေဆးမ်ား ျဖန္းေပးျခင္း၊ စနစ္တက်စြန္႔ပစ္ရန္ ပညာေပးျခင္းမ်ားကို လုပ္ေဆာင္ေနေသာ္လည္း စည္းကမ္းမဲ့စြန္႔ပစ္မႈမ်ား ရိွေနဆဲျဖစ္သည္။

အဆိုပါေရာဂါမွာ ဝက္မ်ားတြင္သာျဖစ္ပြားၿပီး လူသို႔ကူးစက္ႏုိင္ျခင္းမရိွေသာ္လည္း ေဒသတြင္း ဝက္သားစားသံုးမႈမွာ ေလ်ာ့က်သြားခဲ့ျခင္းျဖစ္သည္။

ဝက္ေရာဂါမွာ ပိုးသယ္ေဆာင္သည့္ဝက္၏ သြားရည္၊ ႏွာရည္၊ မ်က္ရည္၊ ဆီး၊ ဝမ္းတို႔မွလည္းေကာင္း၊ ေရာဂါပိုးရိွေသာ ဝက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္ရာမွလည္းေကာင္း ေရာဂါပိုးပ်ံ႕ႏွံ႕ကူးစက္ႏုိင္ေၾကာင္း သိရသည္။

ဝက္မ်ားတြင္ ေရာဂါကူးစက္ခံရျခင္းမရိွေစရန္အတြက္ ၿခံမ်ားကို သန္႔ရွင္းစြာထားရိွျခင္း၊ အျခားဝက္ၿခံမ်ားမွ ပစၥည္းမ်ားကို ယူေဆာင္အသံုးမျပဳျခင္း၊ လူအဝင္အထြက္ ထိန္းခ်ဳပ္ျခင္းစသည့္ ဇီဝလံုၿခံဳေရးစနစ္မ်ားကို တိုးျမႇင့္ထားရန္ လိုအပ္ၿပီး လိုအပ္သည့္အႀကံဥာဏ္မ်ားရယူလိုပါက ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန ဖုန္း ၀၈၄ ၅၁၉၀၅ သို႔ ဆက္သြယ္ အကူအညီရယူႏုိင္မည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကျေးရွာအချို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှစ၍ တစ်ပိုင်တစ်နိုင် မွေးမြူသည့် ဝက်များ သေဆုံးမှုဖြစ်ပွားနေသဖြင့် ဝက်ရောဂါများ ပြန့်ပွားခြင်းမရှိစေရေးအတွက် စနစ်တကျစွန့်ပစ်ရန် ပညာပေးဆောင်ရွက်နေသော်လည်း စည်းကမ်းမဲ့စွန့်ပစ်မှုများ ရှိနေဆဲဖြစ်သည်ကို တွေ့ရသည်။

"ကျွန်တော် ကီလိုလိုက်ကောက်ချိန် အမှိုက်ပုံတော်တော်များများမှာ တွေ့တွေ့နေရတယ်။ တစ်ချို့ အမှိုက်ပုံဆိုရင် (၂)ကောင်အနည်းဆုံးပဲ။ ဒီအမှိုက်ပုံမှာတော့ (၉)ကောင် တွေ့တယ်။ ဝက်မွေးတဲ့ သူတွေကလည်းဗျာ လူငှါးပြီး မြမြှေုပ်ခ နည်းနည်းပါးပါး ပေးလိုက်ရင် ရတာကို အခုလို အမှိုက်ပုံတွေမှာ လာစွန့်ထားတော့ မကောင်းဘူးပေါ့ဗျာ"ဟု ကီလိုကောက်သူ ကိုအောင်နေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာမှ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝမ်ဆောက်ခုံကျေးရွာသို့ သွားရာလမ်းဘေးရှိ အမှိုက်ပုံတွင် ဝက်အသေ (၉)ကောင် လာရောက်စွန့်ပစ်ထားသည်ကို ၂၀၁၉ခုနှစ် သြဂုတ်လ(၂၄)ရက်နေ့တွင် တွေ့ခဲ့ရကြောင်း သိရသည်။

စက်မှုဇုန်မှ ဝေလှေလန်သွားသည့် လမ်းပိုင်းရှိ တံတားဘေးအမှိုက်ပုံနှင့် ချောင်းအတွင်း၌လည်း ဝက်အသေများ လာရောက်စွန့်ပစ်ထားသည်ကို မကြာခဏတွေ့ရသည့်အပြင် အချို့ ကျေးရွာများရှိ အမှိုက်ပုံများတွင်လည်း ဆာလာအိတ်များဖြင့် ထည့်ကာ လာရောက် စွန့်ပစ်ထားသည်များကိုလည်း တွေ့ရှိခဲ့ရသည်ဟု၎င်းက ဆိုသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လဆန်းမှစ၍ ဝက်အားနည်းရောဂါကြောင့် ဝက်များသေဆုံးမှုဖြစ်နေ၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ်ကျေးရွာများသို့ ကွင်းဆင်း၍ ခြံဖျန်းဆေးများ ဖြန်းပေးခြင်း၊ စနစ်တကျစွန့်ပစ်ရန် ပညာပေးခြင်းများကို လုပ်ဆောင်နေသော်လည်း စည်းကမ်းမဲ့စွန့်ပစ်မှုများ ရှိနေဆဲဖြစ်သည်။

အဆိုပါရောဂါမှာ ဝက်များတွင်သာဖြစ်ပွားပြီး လူသို့ကူးစက်နိုင်ခြင်းမရှိသော်လည်း ဒေသတွင်း ဝက်သားစားသုံးမှုမှာ လျော့ကျသွားခဲ့ခြင်းဖြစ်သည်။

ဝက်ရောဂါမှာ ပိုးသယ်ဆောင်သည့်ဝက်၏ သွားရည်၊ နှာရည်၊ မျက်ရည်၊ ဆီး၊ ဝမ်းတို့မှလည်းကောင်း၊ ရောဂါပိုးရှိသော ဝက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်ရာမှလည်းကောင်း ရောဂါပိုးပျံ့နှံ့ကူးစက်နိုင်ကြောင်း သိရသည်။

ဝက်များတွင် ရောဂါကူးစက်ခံရခြင်းမရှိစေရန်အတွက် ခြံများကို သန့်ရှင်းစွာထားရှိခြင်း၊ အခြားဝက်ခြံများမှ ပစ္စည်းများကို ယူဆောင်အသုံးမပြုခြင်း၊ လူအဝင်အထွက် ထိန်းချုပ်ခြင်းစသည့် ဇီဝလုံခြုံရေးစနစ်များကို တိုးမြှင့်ထားရန် လိုအပ်ပြီး လိုအပ်သည့်အကြံဉာဏ်များရယူလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဖုန်း ဝ၈၄ ၅၁၉၀၅ သို့ ဆက်သွယ် အကူအညီရယူနိုင်မည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net