ကျိုင်းတုံမြို့နယ် လဝကမှ လူဝင်မှုကြီးကြပ်ရေးမှူး အပါအဝင် (၅)ဦး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်

ကျိုင်းတုံမြို့နယ် လဝကမှ လူဝင်မှုကြီးကြပ်ရေးမှူး အပါအဝင် (၅)ဦး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်
မတ် 6, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မှ လူဝင်မှုကြီးကြပ်ရေးမှူး အပါအဝင် (၅)ဦးသည် ပြည်သူဘက်က ရပ်တည်ကာ CDM တွင် ပါဝင် လုပ်ဆောင်လိုက်ကြောင်း သိရသည်။

မြို့နယ်လဝကမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအေးကို၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးဖြိုးဝေမြင့်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးအောင်ရဲကျော်၊ ဒေါ်မြလေးဖြူ နှင့် ဦးအောင်မြင့်သန်း တို့သည် ၎င်းတို့၏ ဌာနအားပုန်ကန်ခြင်း မဟုတ်သလို၊ အထက်အရာရှိများအား မလေးမစားပြုလုပ်ခြင်း၊ အလုပ်မှ ထွက်ခြင်းများ မဟုတ်ဘဲ စစ်အာဏာရှင်လက်အောက်တွင် တာဝန်ဝတ္တရားများ ထမ်းဆောင်လိုခြင်းမရှိ၍ ပြည်သူနှင့်အတူ ပါဝင်ကာ Civil Disobedience Movement ( CDM ) ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့  (၅)ဦးထဲတွင် ဖေဖော်ဝါရီလကတည်းက CDM ကို လုပ်ဆောင်နေသူများလည်း ပါဝင်ကြောင်း သိရသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများထဲတွင် CDM လုပ်ဆောင်သည့် ဝန်ထမ်းအရေအတွက် အများဆုံးမှာ ကျန်းမာရေး နှင့် ပညာရေးဌာနတို့မှ ဖြစ်ပြီး အခြားဌာနများမှလည်း CDM လှုပ်ဆောင်နေကြကြောင်း သိရသည်။



Tachileik News Agency