တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် စက်တင်ဘာလ(၂)ရက်နေ့၌ ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေး သတ်မှတ်နေရာများတွင် အခမဲ့ ထိုးပေးမည်

တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် စက်တင်ဘာလ(၂)ရက်နေ့၌ ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေး သတ်မှတ်နေရာများတွင် အခမဲ့ ထိုးပေးမည်
စက်တင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် စက်တင်ဘာလ(၂)ရက်နေ့၌ ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေး သတ်မှတ်နေရာများတွင် အခမဲ့ ထိုးပေးမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၂)ရက်နေ့ နံနက်(၉)နာရီက စ၍ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရန်အောင်မြေရပ်ကွက် နှင့် တာလေမြို့၊ ကျိုင်းလပ်မြို့တို့ အခမဲ့ထိုးနှံပေးသွားရန်အတွက် စုရပ်နေရာများအား ကျန်းမာရေးဌာနက အသိပေးထားရှိသည်။
အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို ၂၀၂၀ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့အထိ  သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ဆေးထိုးမည့် စုရပ်နေရာများကိုလည်း ကြိုတင်အသိပေးသွားမည်ဖြစ်သည်။
ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များတွင် ဆေးမထိုးရသေးသူများ၊ အကြိမ်ရေပြည့်မီခြင်း မရှိသေးသူများအား အမှီလိုက်ကာကွယ်ဆေးထိုးအစီအစဉ်ဖြင့် ထိုးနှံပေးနေခြင်းဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~