ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်း ဆီလူးတွင် ပထမအကြိမ် စစ်ဆေးစဉ်က ပိုးမတွေ့ရသူကို ဒုတိယအကြိမ် ပြန်လည် စစ်ဆေးရာက Covid-19 ပိုးတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်း ဆီလူးတွင် ပထမအကြိမ် စစ်ဆေးစဉ်က ပိုးမတွေ့ရသူကို ဒုတိယအကြိမ် ပြန်လည် စစ်ဆေးရာက Covid-19 ပိုးတွေ့
စက်တင်ဘာ 8, 2020
By Tachileik News Agency
 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်အတွင်း ဆီလူးတွင် ပထမအကြိမ် စစ်ဆေးစဉ်က ပိုးမတွေ့ရသူကို ဒုတိယအကြိမ် ပြန်လည် စစ်ဆေးရာက Covid-19  ပိုးတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယန်းမြို့နယ်မှ အတည်ပြုလူနာ (၃)ဦးစစ်ဆေးတွေ့ရသည့် (၆)ဦးအဖွဲ့မှ ပိုးမတွေ့ရသည့် ကျန်(၃)ဦးကို ဒုတိယအကြိမ် ပြန်လည်ဓာတ်ခွဲစစ်ဆေးရာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့ အတည်ပြုလူနာ (၁)ဦး ထပ်တိုးတွေ့ရကြောင်း သိရသည်။
“ (၇၉) ယောက်စစ်ထားတဲ့အထဲမှာ (၂၄)ယောက် ဓာတ်ခွဲအဖြေတော့ တွေ့ပြီ။ Positive (၁)ဦးတွေ့တယ်။ မိုင်းယန်းက။ အရင် (၆)ယောက်စစ်တာမှာ Positive (၃) ယောက်တွေ့တယ်။ ကျန်တဲ့ negative သမားတွေကို ပြန်စစ်လိုက်တာ တစ်ယောက် Positive ထွက်လာတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းယန်းမြို့နယ်၊ ဆီလူးဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းတွင် ရခိုင်ပြည်နယ်မှ လာရောက်အလုပ်လုပ်ကိုင်နေသူ (၆)ဦးအား ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ  COVID 19 အတည်ပြုလူနာ case 1209၊ case 1210 နှင့် case 1211 တို့အဖြစ် စက်တင်ဘာလ (၅)ရက်နေ့၌ စစ်ဆေးတွေ့ရသဖြင့် ယင်းနေ့မှာပင် အတည်ပြုလူနာများကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးနေခြင်းဖြစ်သည်။
အဆိုပါ အတည်ပြုလူနာ (၃)ဦးတွေ့ရှိသည့် (၆)ဦးအဖွဲ့မှ Negative အဖြေရထားသူ (၃)ဦးအပါအဝင် ၎င်းတို့နှင့် ထိတွေ့သူများ စုစုပေါင်း (၁၃၈)ဦးအနက် (၇၉)ဦး၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ (၆)ရက်နေ့က ရန်ကုန်ရှိ ဓာတ်ခွဲဌာနသို့ ပို့စစ်ထားခြင်းဖြစ်သည်။
အဆိုပါ (၆)ဦးအဖွဲ့မှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှလာရောက်သူများဖြစ်ပြီး သြဂုတ်လ (၉)ရက်နေ့က Air Thanlwin လေကြောင်းလိုင်းဖြင့် ရန်ကုန် - ကျိုင်းတုံခရီးစဉ် စီးနင်းလာသူများဖြစ်ပြီး ကျိုင်းတုံမှတစ်ဆင့် ဆီလူးဒေသသို့ ကားငှားသွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~